မိဘကျေးဇူးဆပ်သိခြင်း သည် နည်းလမ်းများစွာရှိပါသည်။ များစွာသော နည်းလမ်းတွေထဲမှာမှ.......
***** ဓမ္မနို့ရည်တိုက်ကျွေးခြင်း သည် အမွန်မြတ်ဆုံးနှင့် အားအကောင်းဆုံးသော နည်းဖြစ်ပါသည်။*****
အစာအဟာရ ကျွေးခြင်းသည် တဒင်္ဂ ဆာလောင်မှုကို ပြေပျောက်စေနိုင်ပြီး ဓမ္မတရားနှင့် ပေးဆပ်မှသာလျှင် ကိလေသာ အဆာတွေ သံတရာ တစ်လျှောက်လုံး ပြေပျောက်စေနိုင်သာမို့ မိခင်ကျေးဇူးကို ကျေအောင်ဆပ်နိုင်ပါတယ်လို့ မြတ်စွာဘုရားရှင် ဟောကြားထားသော တရားတော်များကျမ်းတွင် အထင်အရှား ရေးသားဖော်ပြထားပါတယ်။
ကျွန်မ ရင်ထဲပူလောင်မှုတွေများလာလျှင် တရားစာအုပ်တွေ ဖတ်ဖြစ်တတ်ပါတယ်။ တကယ့်ကို ငြိမ်းချမ်းမှုတွေ ခံစားရပါတယ်။ အရင်ကစိတ်ထဲမှာ မိဘတွေ ကိုးကွယ်လို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ကျွန်မ Singapore ရောက်ပြီး ကိုယ်တစ်ယောက်ထဲ အားငယ်မှု၊ ပူလောင်မှုတွေခံစား ရချိန် ဘယ်အရာကမှ စိတ်ကိုတည်ငြိမ်အောင် ထိန်းမပေးနိုင်ပါဘူး၊ တခဏ သာလျှင် ပျော်ရွင်သွားပေမဲ့ စိတ်အေးချမ်းသာမှု မရှိခဲ့ပါဘူး၊ တကယ်ကို ယုံကြည်သက်ဝင် သဘောပေါက်ခဲ့ပါပြီ။ တရားစာအုပ်တွေ များများဖတ်ဖြစ်ခဲ့တော့မှ ငြိမ်းချမ်း သက်သာပြီး ကိုယ်လုပ်ချင်တာကို စိတ်ထဲရှင်းရှင်းလင်းလင်း လုပ်နိုင်လာခဲ့ပါတယ်လို့ ကျွန်မ ၀န်ခံပါရစေ။ အခု ကျွန်မ မိဘက ဗုဒ္ဓဘာသာကို ကိုးကွယ်လို့ ကျွန်မကိုးကွယ်သည်လိုမျိုး မဟုတ်တော့ဘဲ၊ ကျွန်မကိုယ်တိုင် ယုံကြည်သက်ဝင်မှုအရ ကိုးကွယ်သည်လိုမျိုး ပါ။ စာအုပ်တွေ ဖတ်များလို့သာ စိတ်အေးချမ်းမှုကို နေတတ်အောင်သာ နေနိုင်သေးသော ပုတုစင် ကျွန်မသာ ဖြစ်သောကြောင့် စိတ်ထဲ ခံစားချက်တွေ အများကြီး ဖြစ်တတ်ပါသေးသည်။
ကျွန်မ ဖြစ်စေချင်တာတစ်ခုရှိပါသေးသည်။ ကျွန်မ မိဘတွေကို သံတရာတစ်လျှောက်လုံး ကိလေသာ အဆာတွေ ပြေပျောက်အောင် လမ်းပြပေးနေသော ၀ိပဿနာ တရားတော်များကို ပွားများအားထုတ်နိုင်အောင် ပြောပြပေးသော မိဘကျေးဇူး ဆပ်သိသော သမီးဖြစ်ချင်ပါသည်။
ဒါပေမဲ့ ကျွန်မ ဖေဖေ၊မေမေ က ကျွန်မကို စိတ်မချဆုံးပဲလို့ အမြဲပြောပြောနေတယ်။ အခု ကျွန်မက အဝေးမှာ နေနေရတယ်။ ကျွန်မ ကို စိတ်ချပြီး တရားအားထုတ်ပါလို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ ဖေဖေ၊မေမေက ဘုရား၊တရားကို မေ့တာမျိုးမဟုတ်ပါဘူး။ သူတို့ အားထုတ်ပါတယ်။ဒါပေမဲ့ ကျွန်မ က သူတို့ကို အပြည့်အ၀ အားထုတ်စေချင်နေမိပါတယ်။ ကျွန်မကြောင့် ဖေဖေ၊မေမေ စိတ်ပူနေရတယ်ဆိုတော့ ကျွန်မ တော်တော်ကို စိတ်ထဲမကောင်းဖြစ်မိတယ်။
ကျွန်မ မိဘကျေးဇူးကို ဓမ္မနို့ရည်တိုက်ကျွေးခြင်း နည်းဖြင့် အမွန်မြတ်ဆုံးနှင့် အကောင်းဆုံး ပေးဆပ်ချင်မိတယ်။ ကျွန်မ ကြိုးစားသွားမှာပါ။

No comments:
Post a Comment