နေ့တစ်နေ့ မှာ ကျွန်မ Bank တစ်ခုကို အလုပ်ကိစ္စ နဲ့ သွားခဲ့တယ်၊ Bank Teller အမျိုးသမီးတစ်ဦးနှင့် စကားပြောဖြစ်ခဲ့တယ်။ Bank Teller က မြန်မာအမျိုးသမီး တစ်ယောက်ပါ။ ကျွန်မနှင့်သူ အရင်က စကားတွေပြောဖြစ်ပါတယ်၊ ဒါပေမဲ့ အလုပ်အကြောင်းတွေ ပြောတာပဲများတယ်၊ ကျွန်မ ရန်ကုန် (၁) လပြန်သွားခဲ့တော့ ကျွန်မကို သူ မတွေ့တာကြာသွားလို့ မေးတာနဲ့ ဆက်စပ်ပြီး ပြောဖြစ်ခဲ့သောအကြောင်း တစ်ခုကို ကျွန်မခံစားချက်အတိုင်း အခုအကြောင်းအရာကို ရေးဖြစ်လိုက်ပါတယ်။
- သူမ က ကျွန်မကို မေးတယ်၊ မြန်မာပြည်မှာ ပျော်ခဲ့လားတဲ့၊
- ကျွန်မ ပျော်ပါတယ်။
- ကျွန်မ က သူမကို မြန်မာပြည် ပြန်ဖြစ်လားမေးတယ်၊
- သူမ အခုမပြန်ဖြစ်တာများပါတယ်၊ တခြားနိုင်ငံတွေကိုပဲ သွားတော့တယ်လို့ ပြန်ဖြေတယ်။
- ကျွန်မက ထပ်မေးတယ်၊ မြန်မာပြည်ကို မလွမ်းဘူးလားလို့ပေါ့၊
- သူမ က အရင် သူဒီမှာ ကျောင်းတတ်တုန်းက သူမ တစ်ယောက်တည်းနေရချိန်က စာမေးပွဲ နောက်ဆုံးရက်ဆိုရင် ခရီးဆောင်အိတ်ကို အခန်းအပြင်မှာထားပြီး စာမေးပွဲ ဖြေတာ၊ ပြီးတာနဲ့ လေဆိပ်ဆင်းပြီး ပြန်တာပဲလို့ပြောပြတယ်။ မြန်မာပြည်မှာ နေလို့ရနိုင်သလောက် နေခဲ့တယ်။ အဲဒီအချိန်က မြန်မာပြည်ပဲ ပြန်ဖို့ ကြိုးစားတယ်လို့ ပြောခဲ့တယ်။ အခုကြတော့ မိသားစုတွေအားလုံး ဒီအကုန်ရောက်ကုန်ပြီလေ၊ အမျိုးသားရော၊ မိဘတွေရော၊ ကလေးတွေပါ အကုန်ဒီမှာဆိုတော့ ရန်ကုန်မပြန်ဖြစ်တော့ပါဘူး။
ကျွန်မ ပြန်ပြောဖြစ်ခဲ့တာက - ကောင်းပါတယ် အမ၊ အခုအမ နေသားကျသွားပြီပေါ့နော်၊
ဟုတ်တယ် ညီမလေး အမ Family အားလုံး ဒီမှာဆိုတော့ နေသားကျသွာပါပြီ။
ကျွန်မ အတွေးထဲမှာ တွေးနေတာတစ်ခုပဲရှိတော့တယ်။
ဒါကတော့ ကိုယ်ဘယ်နေရာရောက်ရောက် ကိုယ့် အလေးနက်ထားသော၊ ကိုယ်ချစ်သော၊ ကိုယ်အားကိုးသော၊ ကိုယ့်ရဲ့ ဘ၀ကြင်ဖော်နှင့် ကိုယ့်မိသားစုလေးတွေသာ ကိုယ်နှင့် အနီးဆုံးမှာ ရှိတယ်ဆိုရင် ဘယ်နေရာမျိုး၊ ဘယ်ဒေသမျိုးအဆို နေနိုင်တယ်ဆိုတာ ကျွန်မ တစ်ယောက်ထဲ မဟုတ်နိုင်ဘူးဆိုသော ယုံကြည်ချက်တစ်ခုပါ။
ဒါဆို ကျွန်မ ကြားကြားနေရသော စကားတွေဖြစ်တဲ့ ကျွန်တော် မြန်မာပြည်ကိုပဲ ပြန်ချင်တယ်၊ ကျွန်မ မြန်မာပြည်ကိုပဲ အပြီးပြန်တော့မယ်၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရောပြောနေသော စကားသံတွေပါ။ ဒါဆို သူတို့ အားလုံး ရဲ့ အသိုက်အမြုံ ကမ္ဘာလေးက မြန်မာပြည်မှာ ရှိနေခြင်းဖြစ်တယ်ပေါ့နော်၊ တစ်ချို့ ကကြတော့ ဒီမှာ နေသားကျ နေပါပြီ၊ မပြန်ဖြစ်တော့ပါဘူး ဆိုသော သူတို့သည်လည်း သူတို့ပျော်ရွှင်သော အသိုက်အ၀န်းကမ္ဘာလေး က သူတို့နှင့် အနီးဆုံးဖြစ်သော
ကျွန်မလည်း သာမန်လူသားတစ်ယောက်ဆိုတော့ ကိုယ်နဲ့ စိတ်သဘောထားချင်းတိုက်ဆိုင်သူ နှင့် အဖော်ပြုနေချင်မိတာပေါ့၊ ကျွန်မ အရင် နေနိုင်သည်ဆိုတာကလည်း ကျွန်မကို အရမ်းချစ်သော ချစ်သူ၏ နွေးထွေးသော မေတ္တာ၊ ဂရုစိုက်မှု ၊ အစရှိသဖြင့် လွယ်ကူစွာ ပြောဆို ဆက်သွယ်နိုင်သော အခြေအနေမျိုးတွေ ကြောင့်ပါ။ အခု ကျွန်မကို နားလည်ပြီး ကျွန်မ စိတ်ညစ်သမျှကို မငြီးမညူ နားထောင်ပေးတတ်သော ကျွန်မ၏ ချစ်သူသည် ကျွန်မနှင့် ဆက်သွယ်ရန်ခက်ခဲသော နေရာတွင် ရောက်ရှိနေပါသဖြင့် ကျွန်မတွင် အထီးကျန်ဆန်မှု၊ ချစ်သူကို လွမ်းသော၊ သတိရသော စိတ်တွေနှင့် ကျွန်မရင်ဖွင့် တိုင်ပင်ချင်သမျှတွေကို စိတ်ထဲမှာ မျိုသိပ့်ကာဖြင့် ကျွန်မတို့၏ရည်မှန်းချက်ပြည့်သော အချိန်ထိ ကြိုးစားနေထိုင်ကာ ပျော်ရွင်သော ကျွန်မ၏ အသိုက်အမြုံကမ္ဘာလေးသို့ အပြီးပြန်သွားရမည့် နေ့ရက်တွေကို လက်ချိုးရေတွက်ရင်း … အခု ကျွန်မ ဒီမျှော်လင့်ချက်ဖြင့်သာ အသက်ရှင် နေထိုင်နေရပါသည် ဆိုလျှင် ကျွန်မ ကို စိတ်ကူးရင်ဆန်တယ်၊ စိတ်မှကောင်းသေးရဲ့လားလို့ ထင်ချင်ထင်နိုင်ကြလိမ့်မယ်နော်။
Any How လူတိုင်းလူတိုင်း ကိုယ်ပိုင် စိတ်ကူးရင်ကမ္ဘာလေးတွေ ရှိတတ်ကြပါတယ်။ ကိုယ်၏ ကမ္ဘာလေး တည်တံ့ဖို့ မျှော်လင့်ချက်အတိုင်းဖြစ်လာရန် ကိုယ်ပိုင် စိတ်ကူးတွေနှင့် အကောင်အထည်ဖော်ကြပါစို့ လားရှင်။
မိမိပြုသော အလုပ်သည် မိမိသာလျှင် ကောင်းကောင်း၊ ဆိုးဆိုး ခံနိုင်ရည်ရှိ မှသာလျှင် ကိုယ်ပိုင်စိတ်ကူးဖြစ်သော ကိုယ့်ကမ္ဘာလေးတွင် လည်း သာယာပျော်ရွင်မည့်ဟု ကျွန်မ ယုံကြည်ပါသည်။
No comments:
Post a Comment