Thursday, August 6, 2009

ကဗျာမမှီ အလွမ်း

ဘယ်နေရာ ကြည့်ကြည့်
ချစ် အလွမ်းတွေ ဝေလို့ပေါ့
အိပ်ရာပေါ်လှဲ မျက်နှာကျက်ကြည့်လည်း
ပေါ်လာတယ် မောင့် မျက်နှာ..
ဝရန်တာထွက် အိမ်ရှေ့ကြည့်လည်း
တမ်းတလာတယ် မောင့် ပုံရိပ်..
coffee သောက်လည်း
လွမ်းလာမိတာ မောင့်ကိုပဲပေါ့..

မောင့်ကိုလွမ်းတဲ့ ခံစားမှုက
လေပြေညှင်းလည်း မအေးမြဘူး
ဆောင်းနှင်းတွေလည်း မအေးနိုင်ဘူး
စာတွေဖတ်လည်း စိတ်မပါဘူး
အလုပ်ထဲလည်း စိတ်မရောက်ဘူး
အချိန်ရှိတိုင်း မ” ရဲ့စိတ်က မောင့်ဆီမှာ..

ကြင်နာ ဆိုစကား
အပြုံးများနဲ့ မောင့်နှုတ်ခမ်းကို လွမ်းနေမိတယ်..
အရာရာကို နားလည်မှုနဲ့ ကြည့်တတ်ပေးတဲ့
မောင့်မျက်လုံးနှင့် အကြည့်ချင်း ဆုံချင်တယ်..

နံရံတွေထက် မောင့် ပုံရိပ် ဓါတ်ပုံတွေလည်း
အခန်းထဲ ပြည့်ကျပ်နေပေမယ့်
အဝေးရောက် မောင်ရေ..
မ” မှာ လွမ်းနေရပါပြီဲ...

”ချစ်သူ တယောက်ရဲ့ တာဝန်ဟာ သစ္စာရှိဖို့”
ဆိုတဲ့ စကား...
မပြောင်းလဲတဲ့ ဆတိုးပွားအချစ်နဲ့
ပြန်ရမည့် အချိန်ကို စောင့်မျှော်နေရင်း …..

မောင်၏ရင်ခွင်ကို လွမ်းတယ်..
ချိုမြိန်တဲ့ အနမ်းလက်ဆောင်တွေကို
လွမ်းဆွတ် တမ်းတတယ်...
သတိရပေးပါ မောင်
အချိန်တိုင်း မဟုတ်ခဲ့ရင်တောင်
တိုက်ဆိုင်တဲ့ အခါပေါ့..

မ”အရမ်း ၀မ်းသာမိမှာပဲ
မ” ရဲ့အချစ်ကို အသိအမှတ်ပြုခဲ့ရင်...

မ” ရဲ့အလွမ်းကို အသိအမှတ်ပြုခဲ့ရင်တော့
အများကြီး မတောင်းဆိုပါဘူး
တခုပါပဲ..

ထာဝရ ချစ်နေပေးပါ

မောင့်ကို ချစ်လွန်းလို့ လွမ်းတာကို
အပြစ်လို့ ဆိုလည်း
မောင် ချစ်နေအောင် လွမ်းနေပါရစေ..

အမြန်ပြန်လာပါရစေ မောင်..

အရင်ဒီကဗျာကို ကျွန်မကို ချစ်သော မောင်က ဒီBlog မှာပဲ တင်ထားပါတယ်….

အခု ကျွန်မက စာသားတချို့ ပြန်ပြင်းရေးပြီး မောင့် ကို လွမ်းလို့ ထပ်တင်လိုက်ပါတယ်…..

06.08.2009 မှ 16.08.2009 ထိ ကျွန်မချစ်သော မောင် တစ်ယောက် ကျန်းမာပါစေ၊ ဘေးအန္တရယ်ကင်းပါစေ၊ ဆိုသော စိတ်ဆန္ဒဖြင့် (၁၁)ရက် တိတိ အဓိဋ္ဌာန် ပြန်ဝင်ရင်း မောင့်ကို လွမ်းသော၊သတိရသော စိတ်များနှင် ကျွန်မ မငိုမိအောင် မောင်တစ်ယောက် စိတ်အေးချမ်းမှုရှိပါစေလို့ ရည်ရွယ်ဆုတောင်းမေတ္တာပို့ရင်း ပြန်ရတော့မည့် ရက်ပေါင်းအရေ အတွက်တွေကို နေ့စဉ်မပျက်ရေတွက်ရင်းဖြင့် မောင်နှင့်ကျွန်မ ဘာမှပြောင်းလဲခြင်းမရှိဘဲ ပြန်ဆုံရမည့် ရက်ကို မျှော်လင့်ကြီးစွာဖြင့် စောင့်နေရင်း… အမှန်တကယ် ပျော်ရွင်စွာဖြင့် ပြန်ဆုံတွေရမည့်ဟု ယုံကြည်ချက်ကို ရင်မှာပိုက်၍ Singapore ဆိုသောနိုင်ငံမှာ ကျွန်မ ဆက်လက်နေနိုင်ဖို့ မောင့်ဆီမှ စစ်မှန်သောမေတ္တာတရားများဖြင့် ကျွန်မအတွက် လုံခြုံ နွေးထွေးနေပါရစေနော်။

အနားမှာရှိမှ မေတ္တာသည် နွေးထွေးခြင်းမဟုတ်ပါ။ တကယ်စစ်မှန်သော မေတ္တာတွင် အနီး၊အဝေး မရှိပါဟု ကျွန်မယုံကြည်ပါသည်။ မောင်က ကျွန်မနှင့် ဝေးနေပေမဲ့လည်း ကျွန်မ မောင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို အမှန်တကယ်ခံစားရမှုကြောင့် ကျွန်မ ဘယ်လောက် ၀မ်းနည်းနေပါစေ ကျွန်မရင်ထဲ မောင့်မေတ္တာကြောင့် နွေးထွေးမှုကို ခံစားသိရှိရင်း ကျွန်မဆက်မငိုဖြစ်တော့အောင် အသိတရားတွေကို မောင့်ကိုချစ်သော စိတ်က ဖြစ်ပေါ်စေသည်မှာ အခု ကျွန်မမြန်မာပြည်က ပြန်လာပြီး မောင်နှင့် တစ်နေ့တစ်ခါတောင်မှာ စကားနည်းနည်းလေးတောင် မပြောရသော အချိန်တွေမှာ သိရှိလာရခြင်းပါ။

ကျွန်မလေ အများကြီးဆုမတောင်းချင်ပါဘူး….. တစ်နေ့ တစ်ကြိမ်လောက်တော့ မောင့်အသံကို (မိနစ်နည်းနည်းလေး)ပဲ ဖြစ်ဖြစ် ကြားပါရစေလို့ ၊ စကားပြောပါရစေလို့ ဆုတောင်းမိပါတယ်။ စကားမပြောရသော နေ့တွေဆို ကျွန်မ ရင်ထဲမှာ မကောင်ဘူး မောင်ရယ်၊ ဒါပေမဲ့လည်း ငိုမိပြန်ရင်လည်းလေ မောင့်အတွက်ပူလောင်နေမှာကို မဖြစ်စေချင်၍ မ” လေ အတတ်နိုင်ဆုံး မငိုတော့ပါဘူး။ အဲ့ဒီလို့ ရက်တွေဆိုရင်လေ ညညဆို အိမ်မက်တွေမက်မက်ပြီး လန့်လန့်နိုးတာ ခဏခဏပါပဲ….. မနက်မိုးလင်းလာရင်လည်း ရင်ထဲမှာ လျပ်လျပ်နှင့် ဘာကို ကြောက်ပြီး အားငယ်သလို၊ ၀မ်းနည်းသလိုနှင့် အရာရာကို ကြောင်တောင်တောင် ဖြစ်နေမိတယ်။

လက်တွေ့ကျကျ အခက်အခဲတွေကို ကျွန်မနားလည်အောင် ကြိုးစားပါတယ်၊ ကောင်းသော အမြင်၊ ကောင်းသောခံစားချက်တွေ ဖြစ်ပေါ်အောင်လည်း ကျွန်မ ကြိုးစားနေပါတယ်။ ကျွန်မ ရင်ထဲ ဖြစ်ပေါ်ခံစားမှုတွေကို မောင် နားလည်ပေးနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။


No comments: