အရှင်ဘုရား......
မောင်နှင့်ကျွန်မ ရည်မှန်းချက်တွေ ပြည့်ဝသည်အထိ ကျွန်မ Singapore နိုင်ငံတွင် နေနိုင်အောင် ကြိုးစားသွားပါမည်။ မောင်နှင့်ကျွန်မ သတ်မှတ်ထားသည့်အချိန်ထိ ကျွန်မ ဘာမှပြောင်းလဲသွားခြင်းမရှိသော မေတ္တာမျိုးနှင့် မောင့်အပေါ် တည်ရှိနေပါမည်။ သို့ဖြစ်ပါ၍ ကျွန်မချစ်သော မောင်သည်လည်း ကျွန်မအပေါ် ထားရှိသော မေတ္တာ ပြောင်းလဲသွားခြင်းမရှိပါစေနှင့်။ ကျွန်မနှင့် မောင့် ရည်မှန်းချက်တွေ ပြည့်ဝသော နေ့ တွင် မောင်နှင့်ကျွန်မ ပြန်လည်ဆုံတွေ့ပြီး ပျော်ရွင်စွာဖြင့် ဘ၀တစ်ခုလုံး စိတ်တူကိုယ်တူ နားလည်မှုတွေနှင့် သာယာသော မိသားစုဘ၀လေးကို တည်ဆောက်နိုင်ပါရစေ။
" မောင်နှင့်မ " သည်လည်း နောက်နောင် အခုလို နှစ်ရှည်လများ ခွဲခွာခြင်းမှလည်းကင်းဝေးပါရစေသား။

No comments:
Post a Comment