Saturday, August 1, 2009

ရက်ပေါင်း

ကျွန်မ မြန်မာပြည်မှ ပြန်လာသောရက်မှ စ... နောက်ထပ်ပြန်ရန် စုစုပေါင်းရက်ပေါင်း 612 ရက် လိုပါသေးတယ်၊

ဒီနေ့ 01.08.2009 (စနေနေ့)
ကျွန်မ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသောနေ့များ (၇) ရက်တောင်ရှိခဲ့ပါပြီ။ နောက်ထပ်ကျန်ရှိနေသေးသော ရက်ပေါင်း (၆၀၅) ရက်ကို ကျွန်မ ရင်ဆိုင်နိုင်အောင် ကျွန်မကြိုးစားနိုင်ပါ့မလား .....

အိပ်မပျော်သောညများစွာ၊ စားမ၀င်သော ထမင်းစာချိန်ပေါင်းများစွာ၊ တစ်ယောက်ထဲအထီးကျန်စွာ နေရမယ့် ရက်ပေါင်းများစွာ အား.......... တွေးလိုက်မိတိုင်း ကျွန်မ ငိုမိနေသော အကြိမ်ပေါင်းများစွာ ကျွန်မအံကြိတ်ပြီး နေနိုင်အောင် နေရပါမယ်။

ကျွန်မ Blog ကို လာရောက် လည်ပတ်သော သူငယ်ချင်းများ ၀မ်းနည်းကုန်နေပါလိမ့်မယ်နော်....

ဒါပေမဲ့ ဘေးနားမှာ ၀မ်းနည်းလို့ ပြောပြတိုင်ပင်မဲ့သူ ဘယ်သူမှ မရှိသော၊ ကိုယ့် အလုပ်တာဝန်တွေနှင့် အချိန်ပြည့်နေသော သံပတ်ပေးစက်ရုပ် လူသားများနေသော၊ မိဘ၊ ညီအစ်ကို မောင်နှမတွေနှင့် ဝေးကွာနေသော တခြားတိုင်းပြည်နေ.. ကျွန်မ ဘာအသားနှင့် ထုထားလို့ အံကို ကြိတ်ပြီး မငိုဘဲ ခံနိုင်ပါ့မလဲ....

မငိုချင်တာကတော့ အမှန်တကယ်ပါ။ အမျိုးမျိုးကြိုးစားနေပါတယ်။

ကျွန်မ မြန်မာပြည်ကို ပြည်ရောက်တုန်းကပေါ့ ကျွန်မအဒေါ်ကမေးတယ် !
ညည်းတို့ Singapore မှာ အစားအသောက် ကိုတော့ ကောင်းကောင်းစားရမှာပေါ့နော်တဲ့၊
ကျွန်မ မျက်နှာ ငိုတခြမ်း၊ ရယ်တခြမ်း ဖြစ်သွားရသလိုပါပဲ....
Singapore မှာက အစားအသောက်က ဈေးမကြီးပါဘူး၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာသိမ်းထားပြီးလဲမသိသော ရေခဲသတ္တာခဲခန်းထဲမှ ရလာသော အသား၊ငါး၊ တွေကိုသာ နေ့တိုင်းစားသုံးနေရပါတယ်လို့ပြောတော့ ကျွန်မအဒေါ်က ဟုတ်လားတဲ့၊ ငါတော့မစားနိုင်ပါဘူးတဲ့လေ..... fresh ဖြစ်တဲ့ အသား၊ငါးတွေရှိပါတယ်၊ ဒါပေမဲ့ ဈေးကြီးလို့ ကျွန်မ ၀ယ်မစားဖြစ်ပါဘူးလို့ ပြောတော့လေ.... အဒေါ်ကပြန်ပြောတယ် ဒါဆို မြန်မာပြည်က အစားအစာတွေကမှ ပိုကောင်းဦးမယ်ထင်တယ်နော်တဲ့၊

ကျွန်မ အိမ်ကိုအရမ်းလွမ်းတယ်၊ မောင့်ကိုလည်းအရမ်းသတိရတယ်၊ မောင့်ကို သတိရလေ ကျွန်မ အမေ့ ကို ပိုသတိရတယ်၊ အမေက ကျွန်မကို အရမ်းချစ်တယ်၊ မောင့် ကို သတိရလို့ ငိုရင် အမေ ကပြောတယ် သမီး ကံကောင်းမှာပါတဲ့ ၊ မငိုနဲ့နော်တဲ့ ၊

ကျွန်မ ပြန်ရောက်သော ရက်တွေမှာ နေနိုင်အောင်နေနေရပါသော်လည်း ဒီနေ့ ကျွန်မ မောင့်ဆီ ဖုန်းခေါ်ခဲ့တယ်။ (လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် စက်ပိတ်ထားပါသည်) လို့ ပဲ မြန်မာပြည်အချိန် ၇ နာရီမှ ၁၁ နာရီထိ ပြောနေပါတယ်၊ ကျွန်မ မနေတတ်သေးပါဘူး၊ နေသားမကျသေးပါဘူးလို့ ထင်ပါတယ်၊ ဒါပေမဲ့ ကျွန်မကြောက်တယ်။ မောင်နှင့်ပတ်သတ်လာလျှင် ကျွန်မက အစွဲအလမ်း အရမ်းကြီးတတ်တယ်၊ စိတ်လဲပျော့တယ်၊ လတွေ နှစ်တွေသာ ပြောင်းသွားမယ် နေသားမကျဘဲ ဖြစ်နေမယ်ထင်တယ်လေ....

မိဘတွေအတွက်၊ မောင် နှင့် ကျွန်မအတွက် ရည်မှန်းချက်တွေ ပြည့်ဝအောင် ကျွန်မခံနိုင်ရမှာပေါ့နော်...

*** မောင် ဒီBlog လေးဖတ်ဖြစ်ရင်မောင့်ဖတ်ဖို့အတွက်စာကြောင်းလေးပါ...
မောင်နှင့် မ ရည်မှန်းထားသော အချိန်၊ ရည်မှန်းချက်တွေ ပြည့်တဲ့ အချိန်ထိ "မောင်"လည်း မပြောင်းလဲဘဲ သစ္စာရှိပေးပါနော်၊ "မ" လည်း မပြောင်းလဲဘဲ သစ္စာ ရှိစွာဖြင့် အပြီးပြန်လာခဲ့မှာပါ။
ချွင်းချက်***မောင်က ပြန်လာဆို ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်လာမယ်နော်!

No comments: