ဟာ သွားပြီ… ကျွန်မနှစ်ကိုယ်ဖြစ်နေပါလား…..
ကျွန်မ ဘာဖြစ်လို့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရတာလဲ….
ကျွန်မ တစ်နေကုန် အလုပ်ရှုပ်နေသော ကျွန်မသူငယ်ချင်တွေ နောက် လိုက်ကြည် နေမိတယ်…. သေချာပါပြီ… ကျွန်မ သေဆုံးသွားပါပြီ…… ကျွန်မ စိတ်တွေ ယောက်ယက်ခက် နေပါပြီ… ကျွန်မ ဘာလုပ်ရတော့မှာ လဲ….. ဟာ…သွားပါပြီ …… ကျွန်မ မိဘတွေ နှင့် ကျွန်မ ရင်းရင်းနှီးနှီး မနေရတော့ဘူး။ ကျွန်မ ချစ်သူနှင့် ကျွန်မ မတွေ့နိုင်တော့ဘူး…. အား……… အရာအားလုံးအပြီးပိုင် အဆုံးသတ်သွားပြီလား။
ကျွန်မ အရမ်းငိုယိုအော်ဟစ်ရင်း ရုတ်တရက် မျက်လုံးဖွင့် ကြည့်လိုက်တော့ ကျွန်မ ကုတင်ပေါ် မှာ ပါ…. မျက်ရည်များစွာနှင့် ကျွန်မ ကုတင် ပတ်ပတ်လည် လိုက်ကြည်မိတယ်… အားလုံးအရင်အတိုင်းရှိနေပါတယ်….
မနက်မိုးလင်း လျှင် တစ်အိမ်လုံးကျွန်မ တစ်ယောက်ထည်းသာ ကျန်နေတတ်ပါတယ်… ကျွန်မ အလုပ်ချိန်က တခြားလူတွေ ထက် နောက်ကျမှသွားရပြီး နောက်ကျမှ ပြန်ရတာပါ.. ကျွန်မ ကယောင်ကတမ်း ကိုယ်မျက်နှာကိုယ် မှန်ထဲကြည့်မိတယ်… ဟူး…. တော်ပါသေးတယ်….. ကျွန်မ ဘာမှ မဖြစ်သေးပါလားဆိုပြီး…. စိတ်ထဲ ရေရွတ် လိုက်မိတယ်….. ဒါ အိမ်မက်တစ်ခု ဖြစ်နေပါလား။
ကျွန်မ စိတ်ငြိမ်အောင် ရေနည်းနည်းသောက်ပြီး… ဘုရားစာရွတ်ပြီး…… ခဏငြိမ်ငြိမ်လေး နေလိုက်ပြီး လုပ်စရာရှိတာ ကို ၀တ္တရားမပျက်မကွက် လုပ်ရတာပေါ့
အခုကျွန်မ သေဆုံးသွားပါပြီ။ (ဆိုပါစို့)
သေချာတာကတော့ ကျွန်မကို နောင်ဘယ်သောအခါမှ ဘယ်သူမျှ မတွေ့ရနိုင်တော့ပါ။
ကျွန်မလည်း ဘယ်သူနှင့်မှ ပြန်လည်ရင်းနှီးစွာ နေခွင့်မရှိတော့ပါ။
သေချာတာတစ်ခုကတော့ ကျွန်မ ဖေဖေနှင့် မေမေ ကျွန်မ ကို သူတို့ မသေခင်အချိန်ထိ မေ့သွားမှာ မဟုတ်ဘူးဆိုတာပါ။
နောက် ကျွန်မကို ချစ်သော၊ခင်သော။အလိုရှိသော သူများ စိတ်မကောင်းဖြစ်သူဖြစ်၊ ငိုသူကငို ကြလိမ့်မည်။ အချိန်တွေ ကြာလာတော့လည်း ကျွန်မဆိုသော ကျွန်မကို ဘယ်သူမှ သတိရနိုင်တော့မှာ မဟုတ်ပါဘူး။အချိန် ပြောင်းလဲမှုကြောင့် အရာရာ ပျောက်ပျက်သွားမှာပါ။ ဒါတွေအားလုံးက လူတိုင်းတနေ့ကြုံရမည့် သဘာဝတရားတွေပါ။
ကျွန်မ မသေခင် ဘာတွေဖြစ်ချင်ခဲ့လဲဆိုတော့ …..
ကျွန်မ မိဘတွေနှင့် အချိန်အကြာကြီးနေချင်သေးတယ်။ ဘာတစ်ခုမှ မိဘပေါ် တာဝန်မကျေသေး သဖြင့် မိဘကျေးဇူး ကို တတ်နိုင်သမျှ လုပ်ကျွေးပေးဆပ် ချင်ပါသေးတယ်။
ကျွန်မ ချစ်သူနှင့် အချိန်အကြာကြီး နေချင်သေးတယ်။ ချစ်သူလိုအပ်သမျှ မငြီးညူဘဲ အရာရာ ချစ်သူစိတ်တိုင်းကျ လုပ်ပေးချင်ပါသေးတယ်။ သူ့ အတွက် ကျွန်မ ဇနီးကောင်း တစ်ယောက် ဖြစ်ချင်ပါသေးတယ်။
ကျွန်မ မောင်လေးကို စိတ်ချမ်းသာအောင် ကျွန်မတတ်နိုင်သမျှ လုပ်ပေးချင်ပါသေးတယ်..
ကျွန်မ အန်တီ၊ ညီမလေး၊ အားလုံးအားလုံး အကုန်လုံးကို ကျွန်မ ခွဲမသွားချင်သေးပါဘူး…. ကျွန်မ သူတို့ အတွက် လုပ်ပေးနိုင်သလောက်လုပ်ပေးချင်ပါသေးတယ်….
ကျွန်မ ဖေဖေ၊ မေမေ တွေကို အရင်လို မဆိုးတော့ပါဘူး……. စိတ်မကောင်း ဖြစ်အောင်လည်း မလုပ်တော့ပါဘူး၊ စိတ်ပူအောင်လဲ ဖုန်းမဆက်ဘဲ မနေတော့ပါဘူး….. ကျွန်မ လိမ္မာအောင် ကြိုးစားပါ့မယ်…
ချစ်သူကိုလည်း အရင်လို ခဏခဏ စိတ်မကောက်တော့ပါဘူး….. ပြသနာလည်း မရှာတော့ပါဘူး…. Online ၀င်ရင်လည်း စိတ်မကောက်တော့ပါဘူး ချစ်သူ ဘီယာ သောက်မယ်လို ပြောလာလျှင်လည်း စိတ်ထဲ တစ်မျိုးမဖြစ်တော့ပါဘူး…. စာကြည့်ရဦး မယ်လို့ ပြောလာလျှင်လည်း စိတ်မကောင်း မဖြစ်တော့ပါဘူး…… သူစိတ်မကောင်း ဖြစ်အောင် ခဏခဏ မေးခွန်းတွေလည်း မမေးတော့ပါဘူး…. အမြဲနားလည်ပေး မယ်နော်….. သူပျော်တာကိုပဲ မြင်ချင်ပါတယ်…. ထာဝရ ယုံကြည်နေပါမယ်…
သူငယ်ချင်းများကိုလည်း တတ်နိုင်သမျှ အလေးထား ပြောဆိုဆက်ဆံမယ်နော်…..
ကျွန်မ မြန်မာပြည်ကို ပြန်မယ်….
ဘုးရားဖူးသွားမယ်၊ ပင်လယ်ကမ်းနားတွေ သွားမယ်၊ လှပသော နေရာများကို ချစ်သူ နှင့်သွားချင်တယ်….
ကျွန်မကို အထင်အမြင်လွဲနေသူများ ရှိနေလျှင်လည်း သူတို့ နားလည်လာအောင် ကျွန်မ ကြိုးစားချင်ပါသေးတယ်…
ကျွန်မ ချစ်သောသူ အားလုံးက ကျွန်မကို ဂရုစိုက်တာ၊ ချစ်တာ၊ နားလည်တာမျိုးကို လိုချင်မိတယ်…
ကျွန်မ ပျော်ပျော်ရွင်ရွင်နှင့် အရာအားလုံးကို မြင်တတ်အောင် ကြည့်ပြီး နေတတ်အောင် နေသွားပါတော့မယ်…. ကျွန်မ ကြောင့် ဘယ်သူမှ စိတ်မညစ်အောင် ကြိုးစားနေသွား မယ်နော်…..
တစ်နေ့ကြုံတွေ့ရမည့် အရာတွေပါ…နှေးတာ၊မြန်တာ ပဲ ကွာခြားပါလိမ့်မည်။
ဒါပေမဲ့ စစ်မရောက်ခင်တော့ မြားမကုန်ပါစေနှင့်…
No comments:
Post a Comment