ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်ကို အရမ်းချစ်ခဲ့တယ်။ ကောင်လေး ကလည်း ကောင်းမလေးကို ချစ်ခဲ့ပါတယ်။ သူတို့ဟာ ချစ်သူတွေမဖြစ်ခင်က အရမ်းခင်သော မိတ်ဆွေသူငယ်ချင်းတွေပေါ့၊ တစ်ယောက်အကြောင်း တစ်ယောက် သိတယ်လိုလည်း ပြောနိုင်ပါတယ်။ ဥပမာ- ကောင်လေးမှာ အရင်ထားခဲ့သော ရည်းစားတွေအကြောင်းကအစ ကောင်းမလေးသိခဲ့ပါတယ်။ ကောင်းလေးက အရင်ရည်းစားနဲ့ ပြတ်သွားပြီဆိုရင် ကောင်မလေးကို ပြောပြောပြနေကြပေါ့… ကောင်မလေးက ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကောင်လေးကို မေးကြည့်ဖူးတယ်၊ နင်သူတို့နဲ့ ပြတ်သွားတာ ဘာမှ မခံစားရဖူးလား…… ကောင်လေးက အခုထိတော့ ဘာခံစားချက်မှ မရှိသေးဖူးလို့ ဖြေခဲ့တယ်။ သူတို့နှစ်ယောက် တော်တော်လေးသံယောဇဉ် ရှိကြပါတယ်…. ချစ်သူတွေ ဖြစ်လာကြတော့လည်း အရင်ထက် ပိုပြီး ကောင်မလေးက ကောင်းလေးပေါ် သံယောဇဉ်ပိုပြီး ချစ်လာခဲ့တယ်။ ဒါပေမဲ့ ပြောဆိုမှုတွေကတော့ သူငယ်ချင်းတွေအတိုင်းပဲ ပြောကြတယ်.(နင်….နဲ့ …..ငါ ) ပေါ့…
ကောင်းမလေးကတော့ သူငယ်ချင်းဘ၀ခံစားချက်နှင့်ချစ်သူဘ၀ခံစားချက် မတူညီစွာ ခံစားလာတာပေါ့နော်။ ပိုပြီး စိုးရိမ်တာ၊ စိတ်ပူတာ၊ အလိုမကျတာ၊ တခြား ခံစားချက်တွေလည်း ရှိတာပေါ့နော်၊ ကောင်လေးဖက်ကတော့ သူငယ်ချင်းဘ၀အတိုင်းပဲ ရှိနေတတ်ပြန်တယ်။ တစ်ခုရှိတာက ကောင်လေးက ကောင်မလေးဘာပြောပြော ပြောတဲ့အတိုင်းလုပ်တယ်၊ မပြောရင် ကောင်မလေးဘာခံစားပြီး ဘာလိုချင်မှန်း သူမသိဘူး။ ကောင်မလေးက လာဆိုလာတယ်၊ ပြန်ဆို ပြန်တယ်၊ သူ မပြန်ချင်သေးဘူး လို့ တစ်ခါမှ မပြောခဲ့သလို ၊ ကောင်းမလေး မလာခိုင်းရင်လည်း သူလာချင်တယ်လို့ တစ်ခါမှ မတောင်းဆိုဖူးပါ။ သူငယ်ချင်းတွေဆိုတော့ ဒီလိုဖြစ်နိုင်ပါတယ်ဆိုပြီး ကောင်းမလေးက အစကထင်ခဲ့တယ်။ နောက်ပိုင်းတွင်လည်း ကောင်လေးဖက်က ဘာမှမပြောင်းလဲပါ။ ကောင်းမလေးက ဒါဆို ကောင်လေးက ဒါပဲလုပ်ပြီး သူဆန္ဒ နှင့်လုပ်တာမျိုး ပြောတာမျိုး မရှိခဲ့ပါ။ ကောင်မလေးကိုလည်း သ၀န်တိုတာမျိုး၊ တားမြတ်တာမျိုး မရှိသလို သူဘာဖြစ်ချင်တာမျိုးကိုလည်း ပြောပြတာ မရှိခဲ့ပါ။ ကောင်မလေးက ဒါမကောင်းရင် သူလည်းဒါကို မကောင်းဖူးဆိုပြီး ကောင်မလေး ပြောတဲ့အတိုင်း သူလိုက်ပြောတတ်၊ လုပ်တတ်ပါတယ်။ ကောင်မလေးက ကောင်လေးကိုသူဖြစ်ချင်တာကို အကြိုးအကြောင်း ပြောပြ၊ ရှင်းပြတာလည်း မရေတွက်နိုင်တော့ပါ။ ကောင်မလေး ဘယ်လိုနားလည်ရမလဲ။ သူမအကြိမ်ကြိမ် နားလည်အောင်ကြိုးစားတယ်၊ ညှိယူတယ်၊ ဒါပေမဲ့ သူမ ဖြစ်ချင်သလို မပြောပါနှင့် အနီးစပ်ဆုံးတောင်မဖြစ်ခဲ့ပါ။ ကောင်မလေးက သူလိုချင်သော ဂရုစိုက်မှုမျိုးကို မရရင်တောင် ကောင်လေးဂရုစိုက်တာ ဘယ်လိုပုံစံဖြစ်ဖြစ်လိုချင်နေတာပါ၊ ဒါပေမဲ့ ကောင်လေးကပဲ ဂရုမစိုက်ခဲ့တာလား၊ သူတို့နှစ်ဦးကြား ခဏခဏ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကောင်းမလေးက ကောင်းလေးကို စိတ်ညစ်အောင်လုပ်ခဲ့နေတာလား၊
သူတို့နှစ်ဦး လက်ထပ်ရန်အထိ ရည်ရွယ်ကြပြီး သားပါ။ ဒီအကြောင်းအရာကိုလည်း သူတို့ ဆွေးနွေးနေပါတယ်။ ဒါလည်း ကောင်လေးက ကောင်မလေးဘာပြောပြော ကောင်မလေး ပြောသည့်အတိုင်းပါ၊ သူဘာဖြစ်ချင်တယ်ဆိုတာ မပြောပါဘူး၊ (ဆိုလိုသည်မှာ- ကောင်မလေးက သူမ၏ အကြောင်းအရာတွေကို အားလုံးပြောပြပေမဲ့ ကောင်လေး ကတော့ သူမသဘောအတိုင်းလို့ ပြောနေပေမဲ့ တကယ်တမ်း ကောင်လေး လုပ်သော အလုပ်တိုင်း ကောင်မလေးမသိခဲ့ပါ။ ) ဒါကလည်း ကောင်မလေးကို စိတ်မညစ်စေချင်လို့ ပဲလား ဒါမှမဟုတ် မလိုအပ်လို့ပဲလား ဆိုတာ ကောင်လေးကိုယ်တိုင်သာလျှင် သိနေမှာပါ။
ဒီလိုနဲ့ ကောင်မလေးက ကောင်လေးကို စိတ်မညစ်စေချင်လို့ ဆိုပြီး ကောင်မလေး ဖြစ်ချင်သော သူမ၏ဆန္ဒကို တဖြည်းဖြည်းနဲ့ မပြောပဲ မြိုသိပ့်ထားလာခဲ့ပါပြီ။ ကောင်လေးကလည်း ဘာဆိုဘာမှ ပြန်မမေးတတ်ပါဘူး။ သူမကလည်း ကောင်လေး စိတ်မညစ်စေချင်တာရော သူမကိုယ်တိုင်ကိုကလည်း စိတ်လျှော့လိုက်သလို ဖြစ်ပြီး အရာရာကို ဘာမှအရင်လို မပြောတော့တာတော်တော်ကြာသွားပါပြီ။ ဒီလိုနဲ့တဖြည်းဖြည်း သူတို့နှစ်ဦး အဆက်အသွယ်တွေ နည်းကုန်ကျတယ်… ကောင်လေးကလည်း ကောင်မလေး ဘာမှမပြောတော့ဘူးဆိုပြီး လာချင်မှလည်းလာတယ်၊ မလာချင်ရင်လည်း မလာဘူးပေါ့။ သူဘာတွေလုပ်နေတယ်ဆိုတာလည်း ကောင်မလေးကိုမပြောပြခဲ့ပါဘူး။
သူတို့ အဆက်အသွယ် ကျဲသွားတဲ့အချိန်မှာ တနေ့ ကောင်လေးက ကောင်မလေးကို ပြောပြခဲ့တာကတော့ သူနောက်ထပ်ကောင်မလေး တစ်ယောက်ကို ချစ်တယ်လို့ ပြောထားတယ်တဲ့၊ သူတို့ချစ်သူဖြစ်နေပါပြီ ဆိုတာကိုပေါ့၊ ကောင်မလေးမှာ ဘာတွေပြန်ပြောလို့ ပြန်ပြောရမှန်းမသိအောင် ဆွံ့အ သွားခဲ့တယ်။ အဲဒီတစ်ညလုံး ကောင်မလေး စောင့်တည်ရာမရ ဖြစ်ရင်း တညလုံး အိပ်မပျော်ခဲ့ပါ။ နောက်နေ့ အလုပ်ကိုတောင် မသွားနိုင် လောက်အောင် တော်တော်လေးခံစားရတယ်။ သူမ၏ ပထမဆုံးသော သူမရင်ထဲက ယုံယုံကြည်ကြည် တန်ဖိုးထားပြီး ချစ်သော ချစ်သူက သူမအပေါ် သစ္စာ မရှိတော့ပါလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ကောင်မလေးက ကောင်လေးကို တော်တော်လေးယုံကြည်ခဲ့တာပါ။
ဒါပေမဲ့လည်း ကောင်မလေးက ကောင်လေးအပေါ် အရမ်းချစ်တော့ မပြတ်နိုင်ပါဘူး။ ဒီတော့ ကောင်မလေးက ကောင်လေးကို တစ်ခုပဲတောင်းဆိုခဲ့ပါတယ်။ နင် ငါ့ကို ချစ်သေးရင် သံယောဇဉ် ရှိသေးရင် အဲဒီမိန်းကလေးကို နင်နဲ့ ရှင်ေးအာင် လုပ်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်၊ စိတ်မကောင်းစရာက ကောင်းလေးက ကောင်းမလေးကို ကတိပေးနိုင်ခဲ့ပါဘူး၊ ကောင်မလေး အကြိမ်ကြိမ်တောင်းဆိုခဲ့ပါသော်လည်း ကောင်းလေးဘက်က ကောင်မလေးလိုချင်သော အဖြေမျိုး မပေးနိုင်ခဲ့ပါ…….
ဒီတော့ကောင်မလေးက နင်အဆင်ပြေသလိုသာ လုပ်ပါတော့ပေါ့နော်…. ငါက နင်ကို အချိန်ပြည့်လိုအပ်တာပါ….. နင်ရဲ့ အချိန်တွေကို မှ အပြည့် မပေးနိုင်တော့ရင် အဲဒီလိုတော့ ခွဲမယူမရစေနဲ့ ဆိုပြီး ပြောခဲ့ပါပြီ………
အရာအားလုံး တစ်ခန်းရပ်ခဲ့ပါပြီ…… ဒဏ်ရာတွေ အမာရွတ်တွေနဲ့ ဘ၀အစိတ်အပိုင်း တစ်ခုမှာ ထင်ကျန်ရစ်ခဲ့ပါပြီ။
အဲဒီည ကောင်းမလေး အိပ်မရလို့ ဆိုပြီး အိပ်ဆေးသောက်အိပ်ခဲ့သဖြင့် နောက်ပိုင်း အစာအိမ် ရောင်ပြီး အစာအိမ်စစ်ဆေးရတဲ့အဆင့်ထိဖြစ်ခဲ့ရတယ်…….
ကောင်းလေးကို စိတ်လျှော့ပြီး ဘာမှ မပြောခဲ့သော ကောင်မလေးအမှားလား……
အစကတည်းက ကောင်လေးက ကောင်မလေးကို တကယ်မချစ်ခဲ့တာလား….
တစ်စုံတစ်ခု တော့ ဖြစ်နိုင်ပါတယ်….
ဘာပဲဖြစ်ဖြစ် သံယာဇဉ်ကြိုးတစ်ချောင်း ယိုင်နဲ့ သြားခဲ့ပါၿပီၤ………
No comments:
Post a Comment