- ကိုယ့်ချစ်သူ က ကိုယ့်ကို အရမ်းချစ်တာ၊ ဂရုစိုက်တာ လိုချင်တယ်၊
- ချစ်သူအပေါ် နားလည်ပေမဲ့လည်း ချစ်သူက ကိုယ့်ကို အရင်လို ဂရုစိုက်သေးရဲ့လားဆိုပြီး စိတ်ကောက်ပြီး ချစ်သူ ချော့တာကို လိုချင်တတ်တယ်၊
- ချစ်သူကိုလည်း ကိုယ်က အပြည့်အ၀နားလည်သောသူ၊ ချစ်သူကလည်း ကိုယ့်ဖြစ်ချင်သော အရာတွေကို မပြောဘဲနှင့် ကိုယ့်အပေါ် နားလည်ပေးတတ်တာ ကိုလိုချင်မိပြန်တယ်၊
- ချစ်သူဆီမှ၊ ကိုယ်နှင့် ပတ်သတ်သည်များ ကို ချစ်သူကအမှတ်တမဲ့နှင့် ဂရုမစိုက်တာတွေကို သိရှိရချိန်တွင် ချောက်နက်နက်ထဲကို ကျသွားသလို တုန်လှုပ်သွားတတ်တယ်….(ချစ်သူက ကိုယ်ကိုစိတ်ကုန်နေပြီးလားပေါ့)
ဘယ်အရာမဆို မျော်လင့်ချက်နှင့် ကိုယ်ဖက်ကနေ ပေးဆပ်တယ်လို့ ခံယူထားမိနေရင် သူ့ဖက်က ကိုယ် မျော်လင့်သလို ပေးနေတာမျိုးမဟုတ်ခဲ့လျှင် ရင်နှင့်မဆံ့အောင် နာကျင်ရတတ်ပါတယ်…… ကိုယ်က ဂရုစိုက်ရင် သူဆီကလည်း ဂရုစိုက်တာကို ပြန်လိုချင်တာမျိုးပေါ့၊ ကိုယ်က အရမ်းချစ်ရင် သူ့ဆီကလည်း အရမ်းချစ်တာကို လိုချင်နေမိသလိုမျိုးပေါ့နော်… ဒီမေတ္တာမျိုးသည် မျှော်လင့်ချက်ပါသော မေတ္တာမျိုးဖြစ် သဖြင့် ပူလောင်ပါတယ်….(ကိုယ်စိတ်ထဲမှာ သူက ကိုယ့်ကို ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးပေါ့)
အရာရာကို ကိုယ်အတတ်နိုင်ဆုံး ဘာတွေပဲလုပ်ပေးရလုပ်ပေးရ သူဖက်ကို ဘာမှ ပြန်ရရပါစေဆိုပြီး မမျှော်လင့်ရင် ကိုယ်ရော ကိုယ့်ချစ်သူပါ အရမ်းစိတ်ချမ်းသာလိမ့်မည် ထင်တယ်နော်….. အရာရာကို ကျေကျေနပ်နပ် ဖြည်းဆည်းပေးရင်းနှင့် စိတ်ချမ်းသာ နိုင်ကြပါစေ…… ရေစုန်သာရှိပြီး ရေဆန်ကို မမျှော်လင့် သော ဖြူစင်သန့်ရှင်းသော သံယောဇဉ်တွေနှင့် ကိုယ်ချစ်သူစိတ်ချမ်းသာအောင် ပြုလုပ်ပေးနိုင်သော မေတ္တာမျိုးများ ထားရှိနိုင်အောင် သတိဥာဏ်နှင့်ယှဉ်ကာ နေတတ်သွားရန် လိုအပ်ပါသည်။
No comments:
Post a Comment