Wednesday, November 12, 2008

တန်ဆောင်မုန်း လပြည့်

ဗုဒ္ဓမြတ်စွာဘုရားသည် မွေးမိခင် မယ်တော်မာယာကို တာဝတိံသာနတ်ပြည်၌ တရားထူးတရားမြတ်ကို ဟောကြားတော်မူပြီး နောက်လူ့ပြည်သို့ ပြန်လည်ကြွမြန်းလာချိန်တွင် ထွန်းလင်းတောက်ပသော ဆီမီးရောင်စုံများဖြင့်ထွန်းညှို ပူဇော်သောနေ့ ကို တန်ဆောင်တိုင်လပြည့်နေ့ဟု အမည်တွင်သည် မဟုတ်ပါသလား။

ဒီနေ့ တန်ဆောင်တိုင်လပြည့်နေ့၊ ဆီမီးရောင်စုံများထွန်းညှိုပူဇော်သော နေ့ တစ်နေ့ ဖြစ်ပါသည်။
ရောင်စုံမီးများနှင့် ထွန်းလင်းတောက်ပစွာလှနေသော ကျွန်မတို့ မြန်မာပြည်ကို ကျွန်မ လွမ်းနေမိပါသည်။
နိမ္ဗာန်ဈေးပွဲတော်များပြုလုပ်ပြီး ကလေး၊ လူကြီးမကျန် ဆီမီးရောင်စုံများကြားက အပြုံးမျက်နှာ များစွာကို ကျွန်မ ပြန်လည် မြင်ယောင်မိတယ်ဆိုရင်ပဲ စိတ်ထဲ အလွန်ကြည်နူးမိတာအမှန်ပါပဲရှင်......

No comments: