သမီး record လုပ်ပြီးသွင်းပေးလိုက်သော အသံကို အမေ၊အဖေ တို့ သမီးကို သတိရတိုင်း အမြဲနားထောင်တယ် လို့ရေးလိုက်သောစာတစ်ကြောင်း…. သမီးမောင်လေးကလည်း သူ့ မိန်းမဆီကို ဖုန်းအမြဲ ဆက်ပါတယ်လို့ ထပ်ဖြည့်ရေးလိုက်သောစာတစ်ကြောင်း ……
ကျွန်မစိတ်မကောင်းကြီးစွာ ခံစားလိုက်ရပါတယ်….. ကျွန်မ မိဘတွေကို လျစ်လျှူရှုထားခဲ့မိပြီ..
ကျွန်မ မိဘတွေဆီကို တစ်လတစ်ခါပဲ ဖုန်းဆက်ခဲ့ပါတယ်….. ဒါတောင် ကျွန်မ စိတ်ကူးရတဲ့ အချိန်ကျမှ ခေါ်ခဲ့တာပါ…. ကျွန်မ မိဘတွေက သူတို့ စိတ်ပူတယ်…. ကျွန်မကို တစ်လတစ်ခါ တော့ ဖုန်းမှန်မှန်ဆက်ပါလို့ ခဏခဏ မှာခဲ့ပေမဲ့လည်း ကျွန်မ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခဲ့မိ ပါတယ်….
သားသမီး ၀တ္တရား မကျေနိုင်သေးရင်တောင် ဂရုစိုက်မှုလေးတော့ တတ်နိုင်သမျှ ပေးသင့်ပါတယ်..
သြော် မိဘတွေ အထီးကျန်ဆန်အောင် ကျွန်မပြုခဲ့မိနေပြီလား……
ကျွန်မ ဒီထပ်ပိုပြီး အလေးနက်ထားတတ်အောင် ကြိုးစားသွားမှာပါ…. ဖုန်းခဏခဏ မဆက်နိုင်ရင်တောင် တစ်လနှစ်ကြိမ်လောက်တော့ ကျွန်မကြိုးစားပြီး မမေ့မလျော့ အောင် ဂရုတစိုက်နဲ့ မိဘတွေကို ကျွန်မတတ်နိုင်သမျှ အချိန်ပေးသွားပါမည်။ ကျွန်မအချိန် မှီပါသေးတယ်… ကျွန်မကို ဒီစာရေးပေးလိုက်သော အမေ့ကို အရမ်းကျေးဇူးတင်ပါတယ်…. အမေ့ကို ကျွန်မအရမ်း ချစ်သလို အဖေကိုလည်း ချစ်ပါတယ်… ကျွန်မမိဘတွေကို ဘယ်လိုသော အကြောင်းကြောင့်နှင့်မျှ စိတ် မဆင်းရဲ စေချင်တာ ကျွန်မရင်ထဲက ဆန္ဒအမှန်ပါ..
ဒီကြားထဲမှာ ဘယ်သူဘယ်သူကမှ မမှားကြပါဘူး….
တခါတခါ သဘာဝတရားက ဒီလိုမျိုး လူတွေကို ဖြစ်စေတတ်ပါသည်…
ကိုယ့်အသက်နှင့် ရင်းပြီး မွေးထားသော သားဖြစ်သောကြောင့် သူများထက်ပိုပြီး ကိုယ့်ကို ပိုချစ်တာ၊ ပိုဂရုစိုက်တာ ကိုလိုချင်တာပါ။ မိဘဖြစ်နေသဖြင့် ပါးစပ်ကတော့ ဖွင့်မပြောတာပါ။ ရင်ထဲမှာ တော့ အမြဲရှိနေတတ်ပါသည်….
အကြိုက်ချင်းတူတော့ ရန်သူတွေဖြစ်ကုန်တာပေါ့နော်…
ဒီသဘောတရားကို နားလည်ပြီး တစ်ဦးအပေါ် တစ်ဦး နားလည်ပေးလျှင် အဆင်မပြေစရာ မရှိနိုင်ပါ။
ဘာပဲဖြစ်ဖြစ် မိဘနဲ့ တော့ ဘယ်သောအခါမှ မနှိုင်းယှဉ်ပါနဲ့နော်… သတ်သတ်စီ ခွဲခြားစဉ်းစားပါ။
မိဘဆို ဘယ်သူမိဘပဲဖြစ်ဖြစ် ကိုယ့်မိဘလို သဘောထားပြီး မြင်တတ်ရင် နားလည်လာပါလိမ့်မည်။
မိဘတိုင်းက သားသမီးကို အသက်နှင့် ရင်းပြီး ကျွေးမွေး စောင့်ရှောက်ခဲ့သူတွေပါ….
ဖြစ်သင့်တာက မိဘတွေ သားသမီးအပေါ် ချစ်သော ချစ်ခြင်းမေတ္တာတရားကို နားလည် ပေးးတတ် ကြရင် အရမ်း ပျော်ရွင်ပြီး သာယာလာပါလိမ့်မည်။
ကျွန်မအမြင်ပါ….
1 comment:
ဒီကိစ္စကို ကိုယ်လည်းတော်တော်စဉ်းစားမိပါတယ်။
သားကိုချစ်တာပဲ ဖြစ်ဖြစ်
လင်ကိုချစ်တာပဲဖြစ်ဖြစ်
ချစ်တတ်ဖို့ လိုပါတယ်။
ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။
့အတ္တတွေများပြီး
ကိုယ့်ကိုကိုယ်ပဲ ချစ်နေလို ပြသာနာ ဖြစ်နေတာလို့ ယူဆပါတယ်။
Post a Comment