ဆိုသော သူ ဘယ်လိုလူလဲ .....
ကျွန်မ ကိုယ်ဘာသာ ပြန်ပြန်ပေးနေကြ အမေးတစ်ခုပေါ့၊
ကျွန်မ၏ “ စိတ်သဘောထားကတော့ ”
ကျွန်မသည်
စိတ်ပုပ်တတ်သောသူ…..
မနာလိုဝန်တိုတတ်သောသူ…..
စိတ်ကောက်တတ်သောသူ…..
စိတ်ဆိုးလွယ်တတ်သောသူ….
အရွဲ့တိုက်တတ်သောသူ…….
ပေကပ်ကပ်လုပ်တတ်သောသူ……..
ခေါင်းမာပြီးပြန်မပြောနားမထောင်လုပ်တတ်သောသူ……..
အရာရာ ကို Complain လုပ်တတ်သောသူ……
သူစိမ်းများနှင့်ဆိုလျှင်တော့
ကျွန်မသည် အားလုံးပြောင်းပြန်ပါပဲ……….
ဒါကြောင့် ကျွန်မ မေမေဆိုလျှင်အမြဲပြောတတ်တယ်
ငါ့သမီးလေး ဒီလိုဆိုးတာကိုပဲ ကျေးဇူးတင်ရမယ်တဲ့
ဘာလိုလဲဆိုတော့ သူတို့ကို ချစ်လို့ပေါ့တဲ့…..
ကျွန်မဘယ်လောက်စိတ်ပုပ်သလဲဆိုလျှင် မေမေ ပြောပြတာပါ
မောင်လေးမွေးစ ကပေါ့ အမေက မောင်လေးနားမှာပဲ နေလိုဆိုပြီး လူကြီးတွေ မရှိသေးတဲ့အချိန်မှာ ကျွန်မတိတ်တိတ်လေး အခန်းထဲ ၀င်ပြီး မောင်လေးကို ရိုက်မလို့ လုပ်တယ်တဲ့လေ….. ဒါပေမဲ့ကျွန်မ မရိုက်ဖြစ်ပါဘူး လူကြီးတွေ မြင်လို့ ကျွန်မကို ချော့ခေါ်သွားရတယ်လို့ ခဏခဏ အမေကပြောပြ တတ်တယ်…. ကျွန်မက ငယ်ငယ်က အရမ်းဆိုးတာ… အခုလည်း မလိမ္မာပါဘူး….
လုပ်ကိုင်ပုံကိုရောကြည့်မလား…..
အပြင်သွားလျှင် ပိုက်ဆံအိတ်မေ့တတ်ပါသည်
လှေခါးကဆင်းလျှင် လှေခါးပေါ်က ပြုတ်ကျတတ်ပါသည်
ဓါးကိုင်လျှင် ဓါးရှတတ်ပါသည်
MRT စီးရမှာကိုတောင် MRT Station ရောက်မှ MRT Card မပါတာကို သိသူ…. တခါတခါ ပြန်စဉ်းစားရင် ရယ်တော့ရယ်ရတယ်နော်
ရန်ကုန်မှာတုန်းက တခါ Bus car စီးပြီးအလုပ်သွားတုန်းက ပိုက်ဆံအိတ်မပါ လို့ နောက်နေ့မှ ပိုက်ဆံပေးမယ်ဆိုပြီး ပြောစီးခဲ့ရဖူးတယ်၊ တော်သေးတာက လိုင်းကားမဟုတ်လို့လေ၊ outside car ဆိုတော့ စီးနေကျ သိနေလို့ပေါ့၊ ဒါပေမဲ့ အရှက်တော့ ကွဲတာပေါ့၊ ……… ညနေအိမ်ပြန်ရောက်တော့ပိုက်ဆံအိတ်က ထမင်း စားပွဲပေါ် ကျန်ခဲ့တာတဲ့လေ……. ဒီလိုပဲလေအိမ်ကအဒေါ်တွေကတော့ ကျွန်မကို မရှပ်ပျာတဲ့…….
ဒါတောင် မေ့နေတာတွေ ကျန်သေးတယ်နော်………
ဒီလို နမော်နမဲ့ လေးတွေက အခုပြန်စဉ်းစားရင် ရယ်စရာဖြစ်နေပေမဲ့ တကယ်ရင်ဆိုင် နေရတဲ့ အချိန်က တော်တော်လေးကို ကသိကအောင့်နဲ့ မျက်နှာ ထားစရာ မရှိအောင်ကို ဖြစ်ရတာ……
ရုပ်ပိုင်းဆိုင်ရာအရရော…
သူများတော့မသိပါ ကိုယ့်အမြင်ကတော့
အရပ် မနိမ့်မမြင့်၊
ပိန်ပိန် (တော်တော် ပိန်တယ်လို့ ထင်တယ်)
မျက်ဝန်း ကျယ်ကျယ်၊ နှာခေါင်း မပေါ်၊ နှာခမ်း မလှ၊
အသားက မဖြူ မညို
ဆံပင် ကောင်းသလိုနဲ့ မကောင်း….
ဒါကျွန်မသိသလောက်ပေါ့ …
သြော်……ကျွန်မ ဘာတစ်ခုမှကို ကောင်းတာမရှိပါလားနော်….
ကျွန်မပြောနိုင်တာတော့ ရှိပါသည်
ဒါကတော့ ကျွန်မဘယ်သောအခါမှ ကြိုတင်ကြံစည်ပြီး သူတစ်ပါးကို စိတ်သဘောထား မမှန်ကန်သော လုပ်ရပ်မျိုး မကျူးလွန်ပါ၊
မိဘတွေကို စိတ်ဆင်းရဲအောင် လုပ်သောပြုမူလုပ်ဆောင်ချက်များကို မလုပ်မိအောင် အမြဲကြိုးစားနေပါတယ်၊ (*** မိဘဆို ဘယ်သူ့မိဘပဲ ဖြစ်ဖြစ်အတူတူပါပဲ)
ကျွန်မမသိသော အချက်လက်တွေ ရှိနေနိုင်ပါသေးတယ်…..
ကိုယ်ဘာသာကိုယ်ပြန်မမြင်တတ်သာ သဘာဝပါ….အများအားဖြင့် တခြားတဖက်လူ ကြည့်မှသာ မြင်နိုင်ပါတယ်
ကိုယ်မပိုင်သော ခန္ဓာကိုယ် နှင့် အမြဲသော သဘာဝတရားတွေ ကြားထဲမှာ “ ငါ ” ဆိုတဲ့ အရာကို ထာဝရ မပိုင်ဆိုင်နိုင်ပါ။
အခုလည်းမပိုင် နောင်လည်းမပိုင် ဘယ်တော့မှ လည်း မပိုင်…….
ဒါပေမဲ့ အခုချိန်ထိ ပိုင်တယ်လို့ သတ်မှတ်ထားပါတယ်…
ဘာလိုလဲဆိုတော့ ရင်ထဲမှာ အချစ်တွေ ရှိနေသေးလိုပါပေါ့နော်……
No comments:
Post a Comment