Saturday, August 23, 2008

လျှပ်တပြက်အတွေး

လက်ရှိအခြေအနေမှာ
မပျော်မွေ့နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ပဲနေနေ
အမြဲတမ်းအထီးကျန်နေပါတယ်။
မရှိတာကိုတောင့်တနေတဲ့သူ
ရှိတာကိုမကျေနပ်နိုင်တဲ့သူဟာ
မရေမရာအတွေးတွေ
မသေမချာမျှော်လင့်ချက်တွေနဲ့
ထာဝရအထီးကျန်နေမှာပါပဲ။

အများအားဖြင့် လူတွေက အပေါင်းအသင်း၊ အစုအဝေးတွေနှင့် နေထိုင်တတ်သာသဘာဝပါ။

လူတွေမှာ အားငယ်စိတ်၊သိမ်ငယ်စိတ်၊စိုးရိမ်စိတ်အစရှိသဖြင့် ရှိတတ်ပါတယ်

သာမာန်နေကောင်းနေရင် ဘာမှ မသိနိုင်ပေမဲ့ သွေးနဲ့သားနဲ့ တည်ဆောက်ထားသော ခန္ဓာကိုယ်က တခါတခါ နေမကောင်းဖြစ်တတ်သောအခါ လူသားတိုင်းနီးပါးခံစား ရသော စိတ်ခံစားမှုများပါ…….

စိတ်ဓာတ်အရမ်းခိုင်မာပါသော သူရဲကောင်းတွေပင်လျှင် တွေဝေသွားတတ်ပါတယ်

ဒီလိုစိတ်ခံစားမှုတွေဟာ လုံးဝပျောက်သွားတယ်ဆိုတာမရှိနိုင်ပါဘူး. ဒီလိုခံစားမှုတွေကို သက်သာအောင် လူတွေက အပေါင်းအသင်း၊အစုအဝေးတွေနှင့် နေထိုင်နေကြခြင်းပါ၊ ဒီလိုနေခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်ကို သက်သာရာသက်သာကြောင်း ရရှိတတ်တယ်ဆိုတာ သိရှိနေကြပါသည်။

ဒါပေမဲ့လည်း ကိုယ်နှင့်စိတ်သဘောထား မတိုက်ဆိုင်သော သူများနှင့် အပေါင်းသင်း ပြုမိလျှင်လည်း ကိုယ်တစ်ယောက်ထဲနေရသလိုပါပဲလေ…….

ကြီးမားသော မျှော်လင့်ချက်တစ်ခုကြောင့်သာ အရာအားလုံးကို လက်ခံနေနိုင်အောင် ကြိုးစားနေပါတယ်..

လူတိုင်းလူတိုင်း မျှော်လင့်ချက်တွေရှိကြလိုသာ ကိုယ်ရောက်တဲ့နေရာတိုင်းမှာ အဆင်ပြေသည် သော်လည်းကောင်း၊မပြေသည်သော်လည်းကောင်း အားလုံးကို လိုက်လျော ညီအောင် နေနေကြရပါတယ် လို့ကျွန်မယူဆမိပါတယ်…….

အချိန်တန်လို့ ကိုယ်ရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ အနည်းငယ်ပိုင်ဆိုင် လာပြီဆိုလျှင် အပေါင်းအဖော်များကို အချိန်တန်လို့ ခွဲခွာသွားကြပြန်တာ သဘာဝပါ..

အချိန်မတန်ဘဲ ခွဲခွာသွားကြတာတွေလည်း အများကြီးပါ ဒါကလည်း ကိုယ်ကသာ သူနှင့်ပတ်သက်ပြီး အချိန်မတန်သေးတာ…… သူ့အတွက်ကြတော့ ကိုယ်နှင့်သူ အချိန်တန်နေပြီနဲ့ တူတယ်ပေါ့နော်..

ဒီလို တွေ့၊ဆုံ၊ကြုံ၊ကွဲ၊ ဆိုသော ဘ၀ဓမ္မတာမှာ လူပေါင်းမြောက်များစွာနှင့် တွေ့ဆုံ ကျင်လည်ရင်း လာခဲ့စဉ်ကလည်း အဖော်ပါမလာသလို၊ ပြန်သွားပြန်တော့လည်း တစ်ယောက်တည်းပါ……

No comments: