Thursday, August 14, 2008

ကာရန်မရှိ

ဂရုစိုက်ပေးပါလို့ အခါခါ ပြောနေရင်လည်း
စိတ်ရှုပ်ရုံသာ ဖြစ်တော့မှာပဲ

မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ကိုယ်ဂရုမစိုက်ဘူးလို့

ချစ်သူရေ
တခါတလေတော့လည်း
မင်းကို ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း
ဆိုမိပြန်တော့လည်း
မယုံကြည်သလို ဖြစ်မိသတဲ့လားကွယ်

ယုံကြည်ပါတယ်၊ နားလည်ပါတယ်၊
ချစ်သူ

ကိုယ့်ရင်ထဲ ပြည့်ကျပ်နေအောင် စဉ်းစားနေပေမဲ့လည်း
ဘယ်လိုပြောရမလဲ ရှာမတွေခဲ့
နောက်ဆုံးအဖြေကတော့
ကိုယ်ရဲ့ အားနည်းချက် ပေါ့

No comments: