Saturday, August 2, 2008

(1) ဘယ်အခါ မျိုးမဆို ကိုယ့်ဆီက အကောင်းဆုံးကို ပေးနိုင်အောင် ကြိုးစားရမယ်...
ရှေ့ဆက်တိုးရခက်နေတယ်ဆိုတာ တစ်ခုတည်းနဲ့တော့ နောက်ဆုတ်လို့ မဖြစ်ဘူး.....

(2) လူမှုဆက်ဆံရေး နယ်ပယ်၌ ပြဿနာ ဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကာယကံရှင်နှင့် တကယ်သွားတွေ့ ဖြေရှင်းလိုက်သည့်အခါ အလွယ်တကူ ရှင်းလင်းပြေလည်သွားမြဲဖြစ်သည်။

(3) သေသေချာချာကြည့် မြို့လယ်ကွက်လပ်ကိုရောက်အောင်သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊ အများကြီးရှိတယ်၊ လူ့ ဘ၀မှာလည်းထိုနည်းလည်းကောင်းပဲ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ်။

(4) ကြေညက်အောင် ထွန်ယက်မထားတဲ့လယ်ကွက်မျိုးမှာ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက်ဘူး။

(5) ဘယ်အရာပဲ ဖြစ်စေ ဒီဟာကတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲလို့ သိထားပြီးပြီဆိုရင် မဆိုင်းမတွ လုပ်ရမှာပေါ့

No comments: