ကျွန်တော်တို့အနေနဲ့ အမည်တူရှိနေတဲ့ duplicate data တွေကို DISTINCT ဆိုတဲ့ keyword ကို အသုံးပြုပြီး သီးသန့်ရယူနိုင်တယ်..ဒီတခါ နောက်တဆင့်ထပ်တိုးပြီး လိုချင်တဲ့ စံတခုသတ်မှတ်ပြီး အဲဒီစံအတိုင်း data တွေကို ရယူကြည့်ရအောင်..
အောက်က Table မှာရှိနေတဲ့ စတိုးဆိုင်တွေရဲ့ အရောင်းစာရင်းထဲက ရောင်းအားတန်ဖိုး $၁၀၀၀ အထက်ရှိတဲ့ စတိုးဆိုင်တွေကို သိချင်တယ်..ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ WHERE ဆိုတဲ့ keyword ကို သုံးဖို့ လိုအပ်ပါပြီ..
အခြေခံပုံစံက
SELECT “column_name” FROM “table_name” WHERE “condition”
Store_information
| Store_name | Sales | Date |
|---|---|---|
| Yangon | $1500 | Jan-07-2007 |
| Mandalay | $850 | Jan-05-2007 |
| Naypyitaw | $350 | Jan-10-2007 |
| Yangon | $400 | Jan-10-2007 |
| Bago | $550 | Jan-08-2007 |
ရေးရမှာက
SELECT Store_name
FROM Store_information
WHERE Sales > 1000
ရလဒ်အနေနဲ့ ရောင်းအားတန်ဖိုး $၁၀၀၀ အထက်မှာရှိတဲ့ Yangon စတိုးဆိုင်ကို တွေ.ရပါလိမ့်မယ်..
| Store_name |
| Yangon |
ဒါက ရိုးရှင်းတဲ့ အခြေနေမှာ (Simple Condition) WHERE ကို အသုံးပြုလိုက်တာပါ.. သဘောကတော့ ရောင်းအားတန်ဖိုး $၁၀၀၀ အထက်မှာရှိရမယ်ဆိုတဲ့ Condition တခုကိုပဲတောင်းဆို လိုက်တာပါ။တခုထက်ပိုတဲ့ အခြေနေကို (Compound Condition) တောင်းဆိုမယ်ဆိုရင် WHERE ဆိုတဲ့ keyword တခုတည်း မရတော့ပါဘူး။ဥပမာ .. ရောင်းအားတန်ဖိုး $၁၀၀၀ အထက်မှာရှိတဲ့ စတိုးဆိုင်တွေရယ်..ရောင်းအားတန်ဖိုး $၈၀၀ နဲ့ $၅၀၀ ကြားမှာရှိတဲ့ စတိုးဆိုင်တွေကို လိုချင်တယ်ဆိုပါစို့.. ဒါက Simple Condition မဟုတ်တော့ပါဘူး။ လိုအပ်ချက်တခုထက် ပိုလာတဲ့အတွက် Compound Condition ဖြစ်သွားပြီ..ဒါဆိုရင် WHERE ဆိုတဲ့ keyword ရဲ့နောက်မှာ AND နဲ့ OR ဆိုတဲ့ keywords တွေလိုက်ပေးဖို့ လိုအပ်တဲ့အတွက် ဘယ်လိုအသုံးပြုရမယ်ဆိုတာ လေ့လာကြည့်လိုက်ရအောင်…
No comments:
Post a Comment