Thursday, July 3, 2008

AND OR

AND နဲ့ OR ကို အသုံးပြုဖို့ အခြေခံပုံစံက

SELECT “column_name”
FROM “table_name”
WHERE “simple_condition”
AND or OR “simple_condition”

ဒီနေရာမှာ or က AND နဲ့ OR ကြိုက်တာ အသုံးပြုနိုင်တယ် ဆိုလိုတာပါ။

Compound Condition ဆိုတာ Simple Condition တွေ စုပေါင်းထားတာ ဖြစ်ပြီး ကန့်သန့်ချက် မရှိပါဘူး ဒါကိုရှင်းသွားအောင် ဥပမာတွေနဲ့ သွားကြည့်လိုက်ရအောင်…
ရောင်းအားတန်ဖိုး $၁၀၀၀ အထက်မှာရှိတဲ့ စတိုးဆိုင်တွေရယ်..ရောင်းအားတန်ဖိုး $၅၀၀ နဲ့ $၁၀၀ ကြားမှာရှိတဲ့ စတိုးဆိုင်တွေကို လိုချင်တယ်ဆိုပါစို့ ..



Store_information

Store_nameSalesDate
Yangon$1500Jan-07-2007
Mandalay$850Jan-05-2007
Naypyitaw$350Jan-10-2007
Yangon$400Jan-10-2007
Bago$550Jan-08-2007


SELECT Store_name,Sales
FROM Store_information
WHERE Sales>1000
OR (Sales<500> AND Sales>100)

ရလဒ်အနေနဲ့ အောက်ပါအတိုင်းတွေ.ရမှာပါ။

Store_information
Store_nameSales
Yangon$1500
Naypyitaw$350
Yangon$400


ဒုတိယ ဥပမာအနေနဲ့ရောင်းအားတန်ဖိုး $1000 အောက်ရှိတဲ့ ရန်ကုန် စတိုးဆိုင်ကို သိချင်တယ်ဆိုပါစို့… ဒီနေရာမှာ Simple Condition နှစ်ခုရှိတာကို တွေ.ရမှာပါ။ ပထမ က ရောင်းအားတန်ဖိုး $1000 အောက်လည်းရှိရမယ်.. စတိုးဆိုင်ရဲ့ အမည်ကလည်း ရန်ကုန် ဖြစ်ရမယ်..အချက် နှစ်ချက်စလုံးကိုက်ညီရမှာ ဖြစ်တဲ့ အတွက် AND keyword ကို သုံးရမှာဖြစ်ပါတယ်..


ရေးရမှာက

SELECT Store_name,Sales
FROM Store_information
WHERE Store_name=”Yangon”
AND Sales<1000



Store_nameSales
Yangon$400



AND နဲ့ OR ရဲ့ သဘောတရားကို နားလည်နိုင်မယ်လို့ ထင်ပါတယ်.. AND က Condition နှစ်ခုစလုံး နဲ့ ကိုက်ညီမှုရှိမှသာ အဲဒီ data ကို Choice လုပ်မှာ ဖြစ်ပါတယ်.. OR ကတော့ Condition နှစ်ခုရှိခဲ့ရင် အဲဒီအထဲက Condition တခုခုနဲ့ ကိုက်ညီမှုရှိတာနဲ့ အဲဒီ data ကို Choice လုပ်မှာ ဖြစ်ပါတယ်..

No comments: