Wednesday, July 2, 2008

ရင်ထဲသံစဉ်

အရှုံးပေးတယ်ဆိုတာကို
တော်တော်များများက
နှစ်သက်မယ် မထင်ပါဘူး.........

ဒါပေမဲ့ ကျွန်မကတော့
ကျွန်မ၏ ချစ်သူ အပေါ်
အရှုံးပေး နေရရင် ပျော်နေသူပါ.........


လိုအပ်ချက်
တခါတခါ အားငယ်မိသလိုလို
တခါတခါ ငိုချင်နေပေမဲ့လည်း
ဘာကို လိုချင်တောင်းတနေမှန်း
သိနေပါလျက်..........

မပြောရက်တော့
မဖြစ်နိုင်သေးဘဲ
ဖြစ်လာမှာကို မျှော်လင့် ကြီးစွာ
စောင့်နေရုံဖြင့်.........


ဘဝ
ဆိုတဲ့ စာလုံးလေးနှစ်ခုကြားမှာ
ရသ မျိုးစုံလင်စွာဖြင့် ခံစားရမှာပါ
ချို၊ချဉ်၊စပ်၊ဖန်၊ငံ၊စိမ့်၊ခါး.......... အစရှိသဖြင့်ပေါ့


ဒီလို ရသ စုံလင်စွာ ပေးနေသော
ဘ၀ ထဲမှာပဲ ရုန်းကန်လှုပ်းရှားရင်း
ပျော်ရွှင်ကျေနပ်နေသူများစွာ ထဲက
ကျွန်မ ဆိုသော လူသားတစ်ယောက်လည်း
ပါဝင်လျှက်ပါ........

No comments: