Sunday, July 20, 2008

ORDER BY

လိုချင်တဲ့ data တွေကို ရှေ့မှာပြခဲ့တဲ့ keywords များ အသုံးပြုပြီး ရယူနိုင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ဖြစ်စေချင်တဲ့ ဆန္ဒက ရလာတဲ့ data တွေကို အစီအစဉ်အတိုင်း ဖြစ်စေချင်တာပါ။ အဲဒီအတွက် သုံးရမယ့် keyword က ORDER BY ပါ..ဒီ keyword ကို command line ရဲ့ နောက်ဆုံးမှာပဲ ရေးပါတယ်။

အသုံးပြုရမယ့် ပုံစံက

SELECT “column_name”
FROM “table_name”
[WHERE “condition”]
ORDER BY “column_name” [ASC,DESC]

ပထမ [] ရဲ့ ဆိုလိုချက်က WHERE statement က optional ပါ။ မပါလည်း ရပါတယ်..လိုအပ်သလို ထည့်သုံးနိုင်ပါတယ်..WHERE statement ပါခဲ့ရင် ORDER BY keyword ရဲ့ ရှေ့မှာပဲ ရှိရမှာပါ.. ဒုတိယ [] ရဲ့ ဆိုလိုချက်က column_name ကို ငယ်စဉ်ကြီးလိုက် ASC (Ascend) စီစဉ်မှာလား? ကြီးစဉ်ငယ်လိုက် DESC (Descend) စီစဉ်မှာလား? လိုအပ်တာ လိုက်နိုင်ပါတယ်..တကယ်လို့ ORDER BY keyword ရဲ့နောက်မှာ ASC နဲ့ DESC တခုကိုမှ ရွေးမထားဘူးဆိုရင် ပုံမှန်အားဖြင့် ASC ငယ်စဉ်ကြီးလိုက် အော်တို စီစဉ်ပေးပါတယ်.. ဥပမာတွေကို ကြည့်ရင် ရှင်းသွားပါလိမ့်မယ်..

Store_information

Store_nameSalesDate
Yangon$1500Jan-07-2007
Mandalay$850Jan-05-2007
Naypyitaw$350Jan-10-2007
Yangon$400Jan-10-2007
Bago$550Jan-08-2007

SELECT Store_name,Sales
FROM Store_information
ORDER BY Sales DESC

ရလဒ်အနေနဲ့ကတော့ ရလာတဲ့ data တွေကို အရောင်းတန်ဖိုးအတိုင်း ကြီးစဉ်ငယ်လိုက် စီစဉ်ထားတာကို တွေ့ရပါလိမ့်မယ်..

Store_information

Store_nameSales
Yangon$1500
Mandalay$850
Bago$550
Yangon$400
Naypyitaw$350

နောက်ဥပမာအနေနဲ့

SELECT *
FROM Store_information
ORDER BY Store_name ASC

ရလဒ်က

Store_information

Store_nameSalesDate
Bago$550Jan-08-2007
Mandalay$850Jan-05-2007
Naypyitaw$350Jan-10-2007
Yangon$1500Jan-07-2007
Yangon$400Jan-10-2007

Store_information table ထဲက data အားလုံးကို ရယူပြီးတော့ ရလာတဲ့ data တွေကိုမှ Store_name အရ ငယ်စဉ်ကြီးလိုက် စီစဉ်ထားတဲ့ အတွက် ABC အက္ခရာ အစဉ်လိုက် ပြနေပါလိမ့်မယ်..

နောက်တခုအနေနဲ့ WHERE statement နဲ့ တွဲသုံးပါမယ်..ရေးတာကို ကြည့်ရအောင်..

SELECT *
FROM Store_information
WHERE Store_name=”Yangon”
ORDER BY 2

အောက်က table ကို ရရှိပါမယ်။

Store_information

Store_nameSalesDate
Yangon$400Jan-10-2007
Yangon$1500Jan-07-2007

ဒီ table မှာဆိုရင် စတိုးဆိုင်ရဲ့ အမည်တွေထဲက Yangon ဆိုတဲ့ data ကိုပဲ လိုချင်တာ ဖြစ်တဲ့အတွက် WHERE statement ကို သုံးပါတယ်..ရလာတဲ့ data တွေကိုမှ အရောင်းတန်ဖိုးတွေကို ငယ်စဉ် ကြီးလိုက် စီစဉ်လိုက်တာပါ… ဒီမှာဆိုရင် Column_name ရဲ့ အစား Column position ကို သုံးနိုင်တယ်ဆိုတာ ပြထားပါတယ်..
SELECT * ဆိုတဲ့ အတွက် အားလုံးကို ရွေးယူမှာ ဖြစ်လို့ Column အရေအတွက် သုံးခုရှိပါတယ်. အဲဒီထဲကမှ ORDER BY 2 လို့ပြောထားတဲ့ အတွက် နှစ်ခုမြောက် Column ဖြစ်တဲ့ Sales အရ စီစဉ်တာ ဖြစ်ပြီး ASC နဲ့ DESC ကို သတ်မှတ်မထားတဲ့ အတွက် ASC ငယ်စဉ်ကြီးလိုက် အော်တို စီစဉ်ပေးတာကို တွေ့ရပါလိမ့်မယ်..လက်တွေ့လုပ်ကြည့်ရင်းနဲ့ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်..

No comments: