LIKE ကိုလည်း WHERE နဲ့ တွဲဖက်အသုံးပြုရတာပါ။LIKE keyword ကိုအသုံးပြုခြင်းအားဖြင့် IN keyword လိုပဲ လိုချင်တာကို တိတိကျကျ ရှာဖွေနိုင်သလို BETWEEN keyword လိုပဲ range သတ်မှတ်ပြီးတော့လည်း ရှာနိုင်ပါတယ်။အခြေခံပုံစံကတော့
SELECT “column_name”
FROM “table_name”
WHERE “column_name”
LIKE {PATTERN}
{PATTERN} ရဲ့နေရာမှာ wildcards လို့ခေါ်တဲ့ လိုသလို အသုံးပြုနိုင်တဲ့ operatorsတွေပါပါတယ်..ဥပမာတွေနဲ့ ရှင်းကြည့်ရအောင်..
“A_Z” A နဲ့ စပြီး Z နဲ့ ဆုံးတဲ့ data ကိုရှာဖွေတာပါ..ရလဒ်က ABZ,ADZ,AOZ အစရှိတဲ့ data တွေပါ.. လိုချင်တဲ့ data ရဲ့ character အရေအတွက်၊ အစ character ၊ အဆုံး character တွေကိုသိနေရင် ဒီ form ကို အသုံးပြုပါတယ်..(_) hyphen ရဲ့သဘောက character အရေအတွက်ကို ကိုယ်စားပြုတာပါ..A_Z ဆိုတဲ့အတွက် A နဲ့ Z ရဲ့ကြားမှာ character တလုံးတည်းရှိတယ်လို့ သတ်မှတ်ပါတယ်.. ABCZ,ACDEZ ဒါဆိုရင်မှားပါတယ်.. character အရေအတွက်ရှိသလောက် hyphen အရေအတွက်ထည့်ပေးရပါမယ်….character ငါးလုံးရှိခဲ့ရင် A_____Z …hyphen ငါးခါထည့်ပေးရပါမယ်…
Store_information
| Store_name | Sales | Date |
|---|---|---|
| Yangon | $1500 | Jan-07-2007 |
| Mandalay | $850 | Jan-05-2007 |
| Naypyitaw | $350 | Jan-10-2007 |
| Yangon | $400 | Jan-10-2007 |
| Bago | $550 | Jan-08-2007 |
SELECT *
FROM Store_information
WHERE Store_name
LIKE “B__o”
ရလဒ်က
Store_information
| Store_name | Sales | Date |
|---|---|---|
| Bago | $550 | Jan-08-2007 |
“ABC%” ABC နဲ့ စတဲ့ data တွေကို ရှာဖွေတာပါ။ABC ရဲ့နောက်မှာ character အမျိုးအစားရယ်.အရေအတွက်ရယ်ကို ကန့်သတ်မှုမရှိပါဘူး။ABCD,ABCHGFY အစရှိတဲ့ data ပုံစံတွေကို ရရှိမှာပါ။
နောက်ဥပမာ အနေနဲ့
SELECT *
FROM Store_information
WHERE Store_name
LIKE “Ya%”
ရလဒ်ကို အောက်ပါအတိုင်း တွေ.ရမှာပါ။
Store_information
| Store_name | Sales | Date |
|---|---|---|
| Yangon | $1500 | Jan-07-2007 |
| Yangon | $400 | Jan-10-2007 |
“%ABC” ABC နဲ့ ဆုံးတဲ့ data တွေကို ရှာဖွေတာပါ။ data ရဲ့ အစ နဲ့ အဆုံး ကိုသိရုံနဲ့ (%) ဆိုတဲ့ wildcard ကို အသုံးပြုပြီး လိုချင်တဲ့ data တွေကို ရှာဖွေနိုင်တာပါ။
SELECT *
FROM Store_information
WHERE Store_name
LIKE “%lay”
ရလဒ်က
Store_information
| Store_name | Sales | Date |
|---|---|---|
| Mandalay | $850 | Jan-05-2007 |
“%AB%” AB ပါတဲ့ data ဟူသမျှ ရရှိပါလိမ့်မယ်..AB ကဘယ်နေရာမှာ ပါပါ AB ပါတာနဲ့ အဲဒီ data ကို ရွေးမှာ ဖြစ်ပါတယ်…
SELECT *
FROM Store_information
WHERE Store_name
LIKE “%an%”
အောက်က ကတော့ ရလဒ်ပဲ ဖြစ်ပါတယ်။
Store_information
| Store_name | Sales | Date |
|---|---|---|
| Yangon | $1500 | Jan-07-2007 |
| Mandalay | $850 | Jan-05-2007 |
| Yangon | $400 | Jan-10-2007 |
No comments:
Post a Comment