Monday, July 21, 2008

အချိန်တိုင်းရဲ့သခင်

အချိန်သည် ည၊ နင်က လမင်း
ညတိုင်း လင်းတယ်
မမှိန်ဖျော့ဘူး ၊မပျောက်ကွယ်ဘူး
ရောင်စဉ်တွေသာပေးစွမ်းသူ။

အချိန်က နေ့၊ နင်သည် လေညှင်း
ရနံ့ထုံသင်း လေပြည်ညှင်းနဲ့
ငါ့ရင်ခွင်ကို လှုပ်နိုးသူ။

နယ်မြေတွေဝေး ရင်ခွင်ဆွေးချိန်
အတွေးတစ်ချက် ငါအိပ်မက်မှာ
ညှင်သာဝင်ရောက် အိပ်စက်သူ။

No comments: