အကောင်းဆုံးဆိုတာ လူတိုင်းအတွက်တော့ မဖြစ်နိုင်ဘူး၊ လူတိုင်းဟာ အကောင်းဆုံးကိုတော့ မရနိုင်ဘူး။ ဒါပေမဲ့ ယခုခေတ် win-win သီအိုရီဆိုတာရှိတယ်။ လူတိုင်း အကောင်းကိုတော့ ရနိုင်ပါတယ်။ ဒီအတွက် အောက်ပါ ယူဆချက်တွေ ကိုလေ့လာကြည့်ပါ။
Be the Best
If you can't be a highway, just be a trail,
If you can't be the sun, be a star
It isn't by size that you win or you fail,
Be the best whatever you are!
Dale Carnegie
တကယ်တော့ ကဗျာက အရှည်ကြီးပါ။
လူတွေက ဘာဖြစ်ချင်တယ်ဆိုတာကို ရည်မှန်းချက်ထား ကြရတယ်။ ရည်မှန်းချက်အတိုင်း ဖြစ်တာတွေ အများကြီးရှိတယ်။ မဖြစ်တာလည်းရှိတာပါပဲ။ အနီးစပ်ဆုံးတော့ ဖြစ်ကြတာပဲ။
ဒေးလ်ကာနက်ဂျီက "သင်္ဘောတစ်စီးမှာ ကပ္ပတိန် တစ်ယောက်ပဲရှိတယ်။ ဒီတော့ လူတစ်ယောက်ပဲ ကပ္ပတိန် ဖြစ်နိုင်တယ်။ ကျန်တဲ့သူတွေတော့ သင်္ဘောသားတွေ ဖြစ်မှာပေါ့တဲ့။ သင်သာသင်္ဘောသားဖြစ်ရင် ဘယ်လိုမျိုး ဖြစ်သင့်လဲ၊ အကောင်းဆုံး သင်္ဘောသားဖြစ်အောင် ကြိုးစားရမှာပေါ့တဲ့။
ရှီကာကို တက္ကသိုလ်က အဓိပတိဖြစ်သူ ရောဘတ်ဟပ်ချင်းကိုလည်း မေးခဲ့ဖူးတယ်။
"ဆရာကြီးခင်ဗျား၊ စိတ်ညစ်စရာကောင်းတဲ့ ဘ၀မှာ ရောက်နေရင် ဘာလုပ်ရမှာလဲ"
ဒေးလ်ကာနက်ဂျီက လူတွေရဲ့ဘ၀မှာ ခါးသီးတဲ့ အတွေ့အကြုံကို ပြောနေတာဖြစ်တယ်။ လူတွေဟာ မိမိဘ၀ ပေးတဲ့ အနေအထားမှာ မကျေမနပ်နိုင်ကြဘူး။ ဒီအတွက်ဘာတွေ ဆက်လုပ်ရမှာလဲ၊ ဆက်လုပ်ဖို့လည်း ခက်ခဲနေတာကို မေးနေတာဖြစ်တယ်။
အဓိပတိကတော့ ခပ်အေးအေးပဲဖြေလိုက်တယ်။
"သင့်မှာ သံပုရာသီးပဲရှိရင်တော့ သံပုရာရည် လုပ်လိုက်ပေါ့" တဲ့
(အနောက်တိုင်းကတော့ သံပုရာသီးကို စားကောင်းတယ်လို့ မမြင်တဲ့ အသီးမျိုးဖြစ်တယ်)
သံပုရာသီးပဲရှိရင်တော့ သံပုရာရည်လုပ်လိုက်ဆိုတဲ့ ဆောင်ပုဒ်ဟာ ပညာရှိတွေရဲ့ ဆောင်ရွက်ချက်ပဲလို့ ဒေးလ်ကာနတ်ဂျီက ပြောတယ်။
တချို့ ဆန့်ကျင်ဘက်လုပ်သူတွေအတွက်ကတော့
တကယ်လို့သူ့ဘ၀မှာ သံပုရာသီးပဲရတယ်ဆိုရင်တော့ ' ငါတော့ ဆုံးရှုံးပြီ၊ ငါ့ဘ၀ပျက်ပြီ၊ ငါဘယ်လိုမှ မအောင်မြင်တော့ဘူး" လို့ပဲ ထင်နေတော့တယ်။
ပညာရှိတစ်ယောက်သံပုရားသီးရခဲ့ရင်တော့
သူတို့ဟာ "ငါ့ဘ၀မှာ ဘာသင်ခန်းစာ ရမလဲ၊ ခုငါဆုံးရှုံးပြီ၊ ဒါပေမဲ့ ဒါကို ငါဘယ်လိုလုပ်ပြုပြင်ရမလဲ၊ သံပုရာသီး ကနေ သံပုရာရည်ရအောင် ငါဘယ်လိုလုပ်ရမလဲ" ဆိုတာစဉ်းစားမှာမလွဲဘူး။
လူတွေမှာ မကောင်းတဲံ စိတ်ဆန္ဒတွေအရည်အချင်းတွေရှိတယ် လို့ စိတ်ပညာရှင် အက်ဖရက်အက်ဒလာက ပြောပြခဲ့ဖူးတယ်။ အဲဒါတွေအားလုံးကို အပေါင်းဘက် ဒါမှမဟုတ် အကောင်းဘက်ကို ပြောင်းပေးလို့ရတယ်။
ဆိုလိုတာက လူတိုင်းမှာ စွမ်းအင်ရှိတယ်။ အရည်အချင်းတွေရှိတယ်။
ဒါတွေကို ကောင်းတဲ့ဘက်ကို ပြောင်းလဲအသုံးချရင် ထူးချွန်ပြောင်မြောက်လာမှာဖြစ်တယ်။
နောက် ဒေးလ်ကာနက်ဂျီက အမျိုးသမီး တစ်ယောက်အကြောင်းပြောပြထားတာရှိတယ်။
အဲဒီအမျိုးသမီးဟာ သူမခင်ပွန်းအလုပ်လုပ်တဲ့ မက္ကဆီကို သဲကန္တာရကိုလိုက်သွားတယ်
အဲဒီမှာ သဲတွေပဲရှိတယ်။ အရိပ်ထဲမှာတောင် အပူချိန်က တစ်ရာဒီဂရီ ကျော်တယ်။ အင်မတန်စိတ်ပျက်သွားတယ်။ ခင်ပွန်းသည် ခရီးထွက်တဲ့အခါမှာ တစ်ယောက်တည်းကျန်နေတယ်။ ဒီအခါမှာ စကားပြောဖေါ်မရှိဘူး။ အဲဒီအရပ်ကလူတွေက မက္ကဆီကိုစပိန်စကားနဲ့ အိန်ဒီးယန်းစကားပဲ ပြောတယ်။
နောက်ဆုံးမနေနိုင်တော့ သူမဟာ အိမ်ကိုစာရေးလိုက်တယ်။
"ကျွန်မ တစ်ရက်မှ မနေနိုင်တော့ဘူး" လို့
သူမအဖေက စာပြန်ရေးလာတယ်။
"Two men looked out from prison bars,
One saw the mud, the other saw the star" တဲ့။
စာကဒါပဲပါလာတယ်။
သူမဟာစာကို အပြန်ပြန်အလှန်လှန်ဖတ်တယ်၊ ထပ်ခါထပ်ခါ ဖတ်တယ်။
နောက်ဆုံးမှာသူမသဘောပေါက်သွားတယ်
"သြော် ငါစဉ်းစားတာတွေဟာမှားနေတယ်ပါလား" လို့ သတိရလာတယ်။
ဒီတော့ သူမဟာ ကြယ်တွေကိုမြင်အောင်ရှာမယ်လို့ စိတ်ကူးလိုက်တယ်။ သူမဟာ ရွာထဲသွားတယ်၊ ရွာသားတွေနဲ့စကားပြောတယ်။ အဲဒီကလူတွေက သူမစကားလာပြောတာကို သဘောကျတယ်။ သူတို့စကားတွေကို သင်ပေးတယ်။ သူ့တို့လုပ်နေတဲ့ အထည်တွေကို လက်ဆောင်ပေးတယ်၊ သူတို့လုပ်တဲ့အိုး တွေလည်းပေးတယ်။
သူမဟာ သဲကန္တာရရဲ့ နေ၀င်ချိန်ကိုလည်း ကြည့်တတ်လာပြီး ခံစားတတ်လာပြီဖြစ်တယ်။
သဲကန္တာရက တစ်ချိန်က ပင်လယ်သမုဒ္ဒရာသာ ဖြစ်ခဲ့တာကြောင့် ခရုခွံတွေကို လိုက်ရှာတတ်လာတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်က ခရုတွေကိုရတယ်
သဲကန္တာရဟာ လည်းမပြောင်းပါဘူး၊ လူတွေဟာလည်းမပြောင်းပါဘူး။ တကယ်ပြောင်းသွားတာက သူမပါပဲ။
သူမဟာ အဲဒီမှာ ပျော်ပိုက်လာတယ်။
နောက်ဆုံးမှာတော့ အင်မတန် စိတ်ဝင်စားဖွယ် ကောင်းတဲ့ Bright Rampart ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေနိုင်ခဲ့တယ်
ဒါဟာ တကယ်တော့ မဆန်းပါဘူး
ဂရိ စကားပုံတစ်ခုက..... " အကောင်းဆုံးတွေဟာ အခက်ခဲဆုံးပါပဲတဲ့"
" The best things are the most difficult"
အကောင်းဆုံးတွေဟာ မိမိလက်တစ်ကမ်းမှာ ရှိတယ် ဆိုတာ ယုံကြည်လို်က်ပါ.........

No comments:
Post a Comment