SELECT keyword ကိုအသုံးပြုပြီး Table ရဲ့ columns တွေကနေ information အားလုံးကို ရယူနိုင်ပါတယ်။ဆိုလိုတာက Table ထဲမှာ redundant data တွေ ရှိနေခဲ့ရင်လည်း ဒီအတိုင်းပဲ ရရှိမှာပါ။အထက်က ဥပမာပေးထားတဲ့ Table မှာဆိုရင် Store_name မှာ Yangon ဆိုတဲ့ data ဟာ နှစ်ခါ (duplicate) ဖြစ်နေပါတယ်။အခုလို အခြေအနေမှာ ကျွန်တော်တို့ အနေနဲ့ data တွေကို ထပ်တူထပ်မျှ မဖြစ်စေချင်(distinct) ဘူးဆိုရင် ဘာကိုအသုံးပြုမလဲ? လွယ်ပါတယ်..
SELECT ရဲ့နောက်မှာ DISTINCT ဆိုတဲ့ keyword လိုက်ပေးရုံပါပဲ။
ရေးရမယ့် အခြေခံပုံစံက
SELECT DISTINCT “column_name” FROM “table_name”
ဒါကို ဥပမာ ပြဖို့အတွက် Store_information Table ကိုအသုံးပြုပါမယ်..
SELECT DISTINCT Store_name FROM Store_information
ရလဒ်က
| Store_name |
| Yangon Mandalay Naypyitaw Bago |
No comments:
Post a Comment