Thursday, March 6, 2008

ကျေးဇူးရှင် "ဖေဖေ"

တပို့တွဲလကွယ်၊ ကြာသပတေးနေ့ ကျွန်မ၏ "ဖေဖေ"မွေးနေ့

ကျွန်မသည် ကျွန်မမိဘ၏ မွေးနေ့ကို အတိအကျ မသိခဲ့ပါ၊ ကျွန်မသည် ကျွန်မ၏ အမေ၊ အဖေကို အရမ်းချစ်ပါသည်၊ သို့ပေမဲ့လည်း ကျွန်မ ဒီနေ့ ဒီအချိန်ထိ သားသမီးတာဝန် မကျေခဲ့သေးပါ၊ ကျွန်မအလွန်စိတ်မကောင်း ဖြစ်မိပါသည်။

မနေ့ကမှ အိမ်ကိုဖုန်းဆက်မိလို့ ကျွန်မအဖေ မွေးနေ့ကို သိခဲ့ရပါတယ်၊ ကျွန်မသာတစ်ရက်နောက်ကျမှ ဖုန်းဆက်မိလျှင် ကျွန်မ ဖေဖေ မွေးနေ့ကို မသိလိုက်ပဲဖြစ်နိုင်ပါတယ်၊ ကျွန်မဘယ်လောက်တောင် အမှတ်တမဲ့နိုင်လဲနော် "မိဘ(ဖေဖေ၊မေမေ)" နှစ်ယောက်ရဲ့ မွေးနေ့ကို ဘာလို့ အမှတ်တမဲ့နဲ့ မသိခဲ့ရတာလဲ၊ အရမ်းဝမ်းနည်းမိပါတယ်၊ မိဘတွေကတော့ သားသမီးဘယ်လောက်များများ၊ သူတို့ဘယ်အသက်အရွယ် ရောက်ရောက် သားသမီးတွေ၏ မွေးနေ့ကို မမေ့ပါ၊ ကျွန်မ၏ စိတ်ထဲတွင် ကျွန်မမိဘအတွက်ဆိုပြီး အမြဲရှိနေပါသော်လည်း.....အခုတော့ကျွန်မ မိဘတွေ၏ မွေးနေ့ကို ဘာကြောင့်မေ့နေခဲ့မိတာပါလိမ့်၊ ကျွန်မမိဘတွေအပေါ် အခုလိုအမှတ်တမဲ့ပေါင်းများစွာ ဘာတွေဘယ်လို မေ့နေခဲ့မိပြီလဲပေါ့နော် .........

အခု ကျွန်မ အဖေမွေးနေ့ကို သိပါသော်လည်း ကျွန်မ ဘာမှမလုပ်ပေးနိုင်ပြန်ခဲ့ပါ ..သြော် ဘယ်အချိန် များမှ မိဘတွေ၏ လိုအပ်ချက်မှန်သမျှကို မပြောဘဲနဲ့ သိနိုင်ပါမလဲ၊ အရင်နီးနီး ကပ်ကပ်နေခဲ့စဉ်ကတောင် မေ့နေခဲ့တာ နောက်နောင်ဒီထက်ပိုဝေးသွားခဲ့မယ်ဆိုလျှင်....... ကျွန်မ တွေးတောင်မတွေးရဲနိုင်တော့ပါ

ဘယ်လို ဘယ်အကြောင်းတွေပဲ ဖြစ်လာဖြစ်လာ ကျွန်မ အမြဲ ဒီထက်ပိုပြီး မိဘတွေအပေါ် တာဝန်ကျေအောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်

ကျွန်မဖေဖေ မွေးနေ့ တွင်

ကျွန်မ၏ ဖေဖေအတွက် ကျွန်မတကယ်စိတ်ရင်းစေတနာဖြင့် ဆုတောင်းပေးခြင်းမျှသာ လုပ်ပေးနိုင်ပေမဲ့လည်း ကျွန်မ၀မ်းသာပါတယ်၊ အဖေမွေးနေ့ ကိုမသိလိုက်တာနဲ့ စာလျှင် အခုလိုသိပြီး လုပ်ပေးနိုင်သာလေးလုပ်ပေး လိုက်ရတာကို ကျေနပ်ကြည်နူးမိပါတယ်

"ဖေဖေ" .......မွေးနေ့မှ စ၍နောက်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး သမီးတို့နှင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး အပူပင်ကင်းမဲ့စွာဖြင့် တရာဘာဝနာများစွာကို ပွားများနိုင်ပါစေ........

မိဘတွေ စိတ်ချမ်းသာစွာဖြင့် တရာအားထုတ်နိုင်အောင် ကျွန်မတို့ လူငယ်တွေက ကူညီပံ့ပိုးပေးရန် အလွန်အရေးကြီးပါသည်။ ကိုယ့်အတွက် မိဘတွေ စိတ်မပူအောင် စိတ်ချနိုင်အောင် ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး မိဘတွေကို စိတ်ချမ်းသာအောင်ထားကြရအောင်နော်....

No comments: