သင်ဘယ်လို ဘ၀မျိုးကို ပိုင်ဆိုင်ချင်ပါသလဲ ?
တခါက မောင်ကကြီး ဆိုတာရှိတယ်၊
မောင်ကကြီးဟာ ကျောင်းနေတယ်၊ စာတော်တယ်၊ စာမေးပွဲတွေအောင်တယ်၊ အရာရှိဖြစ်လာတယ်။
အိမ်ထောင်ပြုတယ်။ သားသမီးတွေရတယ်၊ သူရဲ့ သားသမီးတွေဟာလည်း သူ့ပုံစံပဲ။
နောက်မောင်ခကွေး ဆိုတဲ့ လူတစ်ယောက်
သူရော ကျောင်းနေတယ်၊ စာတော်တယ်၊ ဘွဲ့ရတော့ ၀န်ထမ်းမလုပ်ဘူး၊
သူလုပ်ချင်တာကိုပဲ လုပ်တယ်၊ ထင်တာလုပ်တယ်ဆိုပါတော့။
နောက် မောင်ဂငယ် .....
သူကစာမတော်ဘူး၊ စာမေးပွဲတစ်ချို့ပဲအောင်တယ်၊ ဘွဲ့မရဘူး။ ကျောင်းကထွက် အလုပ် လုပ်တယ်၊ သူကကြိုးစားရဆုံး။ နိဂုံးချုပ်တဲ့အခါ သူကအချမ်းသာဆုံးပဲ၊
*** မောင်ကကြီး ဘ၀က အေးချမ်းတယ်၊
*** မောင်ခကွေး ဘ၀က မရေရာဘူး၊ ဒါပေမဲ့ သူလုပ်ချင်တာ လုပ်ရသေးတယ်၊
ဘ၀ ပုံစံ (၃) ခုဆိုပေမယ့် ကြားထဲမှာ အရောအနှောတွေ အများကြီးရှိမှာပါပဲ။
သင်နှစ်သက်ရာ ပုံစံကို စဉ်းစားကြည့်ပါ၊ သင်ဘ၀ရော ဘယ်ထဲမှာ ပါနေနိုင်လဲပေါ့၊ သင် ဘာတွေလုပ် ပြီးခဲ့ပြီလဲ၊
(က) သို့ (ဂ) ပုံစံဝင်ရင်တော့ ကံကောင်းတဲ့ ပုံမှန်လူသား ဖြစ်နိုင်မှာပါ
(ခ) ပုံစံ ၀င်ရင် အန္တရယ်တွေ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်၊ စူပါမင်းပေါ့၊
ဘာပဲဖြစ်ဖြစ် သင်ဘ၀ သင်ပဲ ဆုံးဖြတ်ရမှာပါပဲ။ဲ
(ဒေါက်တာခင်မောင်ညို ၏ စာအုပ်ထဲမှစာသားတစ်ချို့ ဖြစ်ပါသည်။)
တစ်ချို့ စာသားတွေကိုတော့ ကိုယ်စိတ်ထဲ ဖြစ်ပေါ်လာသည့်အတိုင်းရေးထားလို့ တစ်ထပ်တည်း မတူလို့ ဖတ်ရတာ တစ်မျိုးဖြစ်နိုင်ပါတယ်။

***မောင်ဂငယ် ကတော့ သူလုပ်ချင်တာကို လုပ်လို့မရဘူး၊ သူဟာရောက်တဲ့ နေရာမှာကြိုးစားတယ်၊ လိုက်လျော ညီထွေစွာ နေထိုင်လုပ်ကိုင်တယ်။
ဘ၀ ပုံစံ (၃) ခုဆိုပေမယ့် ကြားထဲမှာ အရောအနှောတွေ အများကြီးရှိမှာပါပဲ။
သင်နှစ်သက်ရာ ပုံစံကို စဉ်းစားကြည့်ပါ၊ သင်ဘ၀ရော ဘယ်ထဲမှာ ပါနေနိုင်လဲပေါ့၊ သင် ဘာတွေလုပ် ပြီးခဲ့ပြီလဲ၊
(က) သို့ (ဂ) ပုံစံဝင်ရင်တော့ ကံကောင်းတဲ့ ပုံမှန်လူသား ဖြစ်နိုင်မှာပါ
(ခ) ပုံစံ ၀င်ရင် အန္တရယ်တွေ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်၊ စူပါမင်းပေါ့၊
ဘာပဲဖြစ်ဖြစ် သင်ဘ၀ သင်ပဲ ဆုံးဖြတ်ရမှာပါပဲ။ဲ
(ဒေါက်တာခင်မောင်ညို ၏ စာအုပ်ထဲမှစာသားတစ်ချို့ ဖြစ်ပါသည်။)
တစ်ချို့ စာသားတွေကိုတော့ ကိုယ်စိတ်ထဲ ဖြစ်ပေါ်လာသည့်အတိုင်းရေးထားလို့ တစ်ထပ်တည်း မတူလို့ ဖတ်ရတာ တစ်မျိုးဖြစ်နိုင်ပါတယ်။
No comments:
Post a Comment