၁."အရှည်ဆုံးစကားလုံး"
အဘိဓာန်ထဲမှာ အရှည်ဆုံးစကားလုံးက ဘယ်စကားလုံးလဲ
“ Smiles ” ဆိုတဲ့စာလုံးလေ….
ပထမစားလုံး(s)နဲ့ နောက်သာလုံး (s) ကြားမှာ တစ်မိုင်တောင်ရှိတယ်
၂. "မှန်ပေမယ့်မှားတယ်"
ဆရာ : စိတ္တဇနာမ်ဆိုတာဘာလဲ
တပည့် : မသိဘူးဆရာ
ဆရာ : ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့
့တပည့် : သိပြီဆရာ၊ မီးဖိုပေါ်က ထမင်းအိုးပါ
၃.အိုင်ဒုန့်နိုး
ဆရာ : အင်္ဂလိပ်စာသင်ချိန်မှာ မကြာခဏ ကြားရတဲ့ "စကားသုံးလုံး"
တပည့် : I don't know ပါ ဆရာ
ဆရာ : မှန်ပါတယ်
၎." မလာသေးလို့ "
တစ်နေ့မှာ ဆရာက " ကျွန်တော် မန်နေဂျာ ဖြစ်ခဲ့လျှင် " ဆိုပြီး စာစီစာကုံး အရေးခိုင်းပါတယ်။ ကျောင်းသားတွေ အားလုံး ရေးပေမဲ့ တစ်ယောက်က မရေးဘူး။ ဒီတော့ ဆရာက အဲဒီကျောင်းသားနားသွားပြီး
ဆရာ : မင်းကဘာလို့ မရေးသေးတာလဲ
တပည့် : အတွင်းရေးမှုးကို စောင့်နေတာပါ
၅. မနေ့ကတော့
ခင်ပွန်း : မင်းကိုငါမေးနေတာ ကြားရဲ့လား။ တစ်ခုခုတော့ ပြန်ပြောဖို့ သင့်တာပေါ့
ဇနီး : မနေ့ကတော့ ပြန်ပြောတာ မကြိုက်ဘူးဆို။

No comments:
Post a Comment