Wednesday, December 12, 2007

အရုပ်လေး

ကျွန်မသည် လူမှန်းသိကတည်းက အရုပ်များကို ကြောက်တတ်ပါသည်။ ဘယ်လိုသော အရုပ်မျိုးကိုမဆို စိတ်မ၀င်စားပါ၊ လိုလည်း မလိုချင်ခဲ့ပါ။ မေမေဆိုလျှင် အရုပ်တွေ ၀ယ်မပေးရလို့ ၀မ်းသာမလားမသိဘူးနော်**၊
လူတိုင်းနီးပါးလောက် အရုပ်လေးတွေကို ချစ်တတ် လိုချင်တတ်ကြမယ် ထင်ပါတယ်နော်၊ ဒါပေမဲ့ ကျွန်မသည် အရုပ်လေးများကို မချစ်တတ်ခဲ့၊ စိတ်မ၀င်စား တတ်ခဲ့ပါ၊ ပိုဆိုးတာက ကြောက်တောင် ကြောက်တတ်ပါသည်။
အခုတော့လည်း… ကျွန်မရဲ့စိတ်များစွာ ပြောင်းလဲသွားပါတယ်၊ ကျွန်မ အရုပ်လေးများကို ချစ်တတ်၊ စိတ်ဝင်စားတတ် နေပါပြီ။ အဘယ်ကြောင့်ဆိုသော် ကျွန်မချစ်သောချစ်သူက ကျွန်မ၏မွေးနေ့တွင် အရုပ်လေး တစ်ရုပ် လက်ဆောင်ပေးတယ်လေ..ချစ်သူသည် ကျွန်မ အရုပ် ကြောက်တတ်သည်ကို သိဟန်မရှိပါ။ ချစ်သူ အနေနဲ့လည်း အရုပ်လက်ဆောင်ပေးတာ ဘာမှမဆန်းဘူးလေ… လူတိုင်းလိုလိုအရုပ်လေးတွေကို ကြိုက်တတ်တယ်လေ… ဒီတော့ သူပေးတာ ဘာမှမဆန်းပေမဲ့ အရုပ်လေး လက်ဆောင်ရတဲ့ ကျွန်မအတွက်တော့ တော်တော်လေး ထူးဆန်းခဲ့ပါတယ်. ချစ်သူပေးတာဆိုတော့ အရမ်းလည်း ပျော်တာပေါ့နော်. ဒါပေမဲ့ ကြောက်လည်း ကြောက်တယ်လေ… ဘယ်လိုများ ခံစားရမလဲနော် ????? လက်ဆောင်စရတဲ့ နေ့ကလေ ကျွန်မ ကြောက်တတ်သော အရုပ်ဖြစ်နေပေမဲ့ ကျွန်မ အရမ်း ပျော်တယ်လေ… ဒါပေမဲ့လည်း အရုပ်လေးကို ရဲရဲ မကိုင်ရဲဘူးလေ… .(ကိုက်မှာ ကြောက်လို့နဲ့တူတယ်**) ကြောက်ကြောက်နဲ့ မကိုင်ရဲ ကိုင်ရဲနဲ့ကို ရင်ထဲမှာ အရမ်း ကြည်နူးနေမိတယ် (နှိုင်းယဉ်လို့မရတဲ့ ပျော်ရွှင်မှုမျိုးနဲ့ပေါ့) ရင်ထဲမှာလည်း ဒီအရုပ်လေးကို မပျက်စီးနိုင်အောင် ဘယ်လို သိမ်းထားရမလဲ ဆိုပြီး အပြေးအလွှား စဉ်းစားရ၊ နေရာရှာရနဲ့ ပေါ့နော်။ ပြီးတော့ ရင်တွေလည်း အရမ်းတုန်ပါတယ် (အရုပ်ကြောက်လို့လေ**)….

ပထမပိုင်းတော့ နည်းနည်း ကြောက်တတ် နေသေးတော့ အရမ်းမကိုင်ခဲ့ဘူး…. မြင်သာတဲ့ တစ်နေရာမှာ တင်ထားပြီး နေ့တိုင်း ကြည့်နေတယ်လေ… တဖြည်းဖြည်း… တစ်နေ့နည်းနည်း အကျင့် လုပ်ယူပြီး ကိုင်ကြည့်ခဲ့တယ်…… ဒီလိုနဲ့ ရက်ပေါင်းတော်တော်များလာတော့ အဲဒီ အရုပ်လေးကို မမြင်ရရင် မကိုင်ရရင် မနေနိုင် တော့ဘူးလေ… ချစ်သူပေးသော အရုပ်လေးကို လုံးဝ မကြောက်တော့ပါ... ရဲရဲကိုင်ရဲပါပြီ.. .ရဲရဲ ကြည့်ရဲပါပြီ…. ညဘက် အိပ်ရင်လည်း အိပ်ရာဘေးနားမှာ ထားအိပ်ရဲပါပြီ…… အခုဆိုလျှင် အဲဒီ အရုပ်လေးသည် ကျွန်မ၏ စကားပြောဖော်တောင် ဖြစ်လာပါပြီ…. ကျွန်မ တစ်ယောက်တည်း အထီးကျန်ဖြစ်နေချိန်၊ စိတ်အားငယ် နေချိန်၊ တစ်ယောက်တည်း နေရတာ ကြောက်လာတဲ့ အချိန်တွေ ဆိုလျှင် ချစ်သူပေးသော ကျွန်မ၏ ၀က်ဝံရုပ်လေးနဲ့ စကားတွေပြောနေရင် စိတ်ထဲ ခံစားမှုမှန်သမျှ အားလုံး ပျောက်သွားတတ်ပါသည်… အရမ်း ထူးဆန်းသော ခံစားမှုပါ..... အရုပ်လေးသည် ကျွန်မ ပြောသမျှကို မငြီးမညူ နားတောင်ပေးနေသော ကျွန်မရဲ့တစ်ဦးတည်းသော ဆွေမျိုးပေါ့နော်…..

အခုတော့လည်း… .ကျွန်မသည် တခြား လူများနည်းတူ အရုပ်လေးများကို စိတ်ဝင်စားပြီး ချစ်တတ်လာပါပြီ...
ဒီလိုမျိုး ဖြစ်လာအောင် အမှတ်မထင် ပြုပြင် ပြောင်းလဲပေးခဲ့သော ကျွန်မ၏ချစ်သူကို… ကျွန်မအရမ်း…………….။

No comments: