သမီး အရမ်းသတိရနေမိတယ်၊ သမီးလေ အခုတလော နေလို့မကောင်းလို့လားမသိဘူးနော်၊ အိမ်ကို အရမ်းပြန်ချင်နေမိတယ်၊ သမီး အခုတလော ရင်ထဲအောင့်အောင့်နေတာ ၁ လ ကျော်လာပြီ၊ အရင်က ခဏပဲ အောင့်တတ်တာ၊ အခု အကြိမ်တွေ စိပ်လာတယ်၊ အချိန်တွေလည်း စိပ်လာတယ်၊ အသက်ရှူလို့လည်း မကောင်းဘူး၊ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ အရမ်းမောလာတယ်၊ ရင်ထဲအောင့်ပြီးနာနေတယ်၊ သမီး ခံနိုင်အောင် နေပါတယ်၊ စိတ်ထဲ စိတ်ညစ်စရာတွေကို မတွေးမိအောင် ၊ ပျော်အောင်နေပါတယ်၊ ဒါပေမဲ့ လည်း အမေ သမီး မပျော်ဘူး။ ခလုတ်ထိမှ အမိတ ဆိုသလို သမီးဖြစ်နေပြီနော်၊ သမီး ဘာဖြစ်တာလဲ လည်း မသိပါဘူး၊ နှလုံးရောဂါတော့ မဖြစ်ပါစေနဲ့နော်။ သမီး အမေတို့ကို လည်း မပြောပြရက်ပါဘူး၊ သမီးကို စိတ်ပူနေတာမျိုး မရှိစေချင်လို့ပါ။ သမီး ကြောင့် ဘယ်သူ့ကိုမှ စိတ်မပူစေချင် လို့ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ ဒါပေမဲ့လည်း သမီး စိတ်ထဲအရမ်းမွန်းကျပ်နေလို့ သမီးရင်ဖွင့်စရာ သမီး၏BLOG ပေါ်ပဲတင်ထားလိုက်မိပါတယ်၊ သမီးBLOG ကို သမီး ဖေဖေ၊မေမေ၊ မောင်လေးနှင့် သမီးချစ်သော ချစ်သူတို့ လည်း မဖတ်နိုင်လို့ပါ။ သမီးကြောင့် အားလုံးစိတ်ပူ နေတာကို မမြင်ပါရစေနဲ့နော်၊ သမီးက အားလုံးကို ပျော်စရာတွေပဲ ပေးချင်လို့ပါ။ သမီးစိုးရိမ်တာ တစ်ခုပဲရှိပါတယ်၊ မြန်မာပြည်ကို အပြီးပြန်လာဖို့ အချိန်ထိ သမီး နေကောင်းပါစေလို့ပါ၊ ဘာမှမဖြစ်ပဲ ကျန်းကျန်းမာမာနဲ့ပဲ ပြန်လာချင်လို့ပါ။ သမီးအဲဒီအချိန်ထိ ကံကောင်းပါရစေလို့ ဖေဖေ၊မေမေတို့ကို တိုင်တည်သစ္စာ တည်ပြီး ဆုတောင်းပါတယ်၊ ဖေဖေ၊မေမေလည်း ကျန်းကျန်းမာမာ၊ သမီးလည်း ကျန်းမာစွာနဲ့ ပျော်ပျော်နေချင်သေးလို့ပါ၊ သမီး အတွက် ဒီလို အချိန်တွေ ကျန်နေခွင့်လေးမျိုး ကံကောင်းပါရစေလို့ ဆုတောင်းရင်း သမီးနေကောင်းအောင် ဂရုစိုက်ပြီးနေပါတယ်
Saturday, October 24, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment