Monday, October 19, 2009

တစ်နယ်စီခွဲနိုင်မှာလား

ပြန်လာချင်သည်…..


ကျွန်မလေ လွမ်းလို့ အလုပ်ကို အာရုံစိုက်ပြီး ကြိုးစားလုပ်နေပါသော်လည်း လွမ်းနေသောစိတ်ကို မလွှမ်းမိုးနိုင်ပါ၊ အောင်မြင်စွာ မကျော်ဖြတ်နိုင်ပါ…..


How should I do about it?


ပျော်စရာကမ္ဘာလေး တစ်ခု ပျောက်ဆုံးနေပါသည်။


လွတ်လပ်သောပျော်ရွင်မှု


စိတ်ထဲ အဆင်မပြေမှုတွေ၊ မွန်းကျပ်နေမှုတွေ၊ များပြားလှစွာသော ဖိအားတွေ ကို အတတ်နိုင်ဆုံးပျောက်ပျက်အောင်၊ လျော့နည်းသွားအောင်…….

ကျွန်မသည်…. Shopping ထွက်ကြည့်တယ်၊ Internet ထဲ ၀င်တယ် ရုပ်ရှင်တွေကြည့်တယ်၊ စာတွေဖတ်တယ်၊ Blog တွေရေးတယ်၊ သီချင်းတွေ နားထောင်တယ်၊


ဒါပေမဲ့…….. လည်း


ခဏတာစိတ်ထဲ အာရုံပြောင်းသွားသလိုလိုထင်ရပေမဲ့ စိတ်ထဲ ခံစားနေရဆဲပါပဲ။ ဒီလို အာရုံပြောင်းနေချိန်မှာတောင် လူက တခါတခါ ငိုင်ငိုင်သွားတတ်တယ်။ အရမ်းပြင်းထန်တဲ့ ခံစားချက်နော်….. ကျွန်မ အဲဒီလို မခံစားချင်ပါဘူး…….


လူများတွေ ပျော်စရာတွေပြောနေရင် ကျွန်မ ရယ်မိပေမဲ့လည်း အသက်မပါသော၊ ခံစားချက်မရှိသော ရယ်မောခြင်းမျိုးနှင့်သာ ၊ ကိုယ့်၏ မိတ်ဆွေတွေ ရယ်ပြနေပြန်ရင်လည်း ကျွန်မ ပြန်ရယ်ပြမိတာက အနှစ်မပါသော ရယ်ခြင်းမျိုးနှင့်သာ၊


ပိတ်လှောင်ခံထားရသော သတ္တ၀ါလေးတစ်ယောက်လို ခံစားရတယ်။


နေစရာ၊စားစရာ၊ တခြားကိုယ်လိုအပ်သော အရာတချို့တွေကို ရရှိနေပါလျှက် ဟိုနေရာကိုကြည့် ကြောင်တောင်တာင် ဖြစ်နေတယ်၊ လူတစ်ချို့နှင့် စကားပြောကြည့်တယ် ငိုင်တိုင်တိုင်ပါပဲ……..


လွတ်လပ်စွာ ပျော်ရွင်မှု၊ စိတ်လွတ်ကိုယ်လွတ်ပျော်ရွင်မှုမျိုးပေါ့နော်၊ ……. ကျွန်မ အရမ်းလိုချင်မိတယ်၊ မက်မောမိတယ်၊တောင်းတမိတယ်၊ ကျွန်မ လွတ်လပ်သော ပျော်ရွင်စိတ်ချမ်းသာမှုကို လိုချင်တယ်။

အဲဒီလိုမျိုးစဉ်းစားမိတယ်ဆိုရင် ဘာအရာမှကို မလိုချင်တော့ဘူး၊ အားလုံးကို လွှတ်ချလိုက်ပြီး ပြန်ချင်လာတယ်။


ဒါပေမဲ့လည်း………


ကျွန်မ စိတ်တစ်ခုသာပျော်ရွင်စေဖို့ ကျွန်မနှင့် ပတ်သက်သောသူတွေ ၏ လိုအပ်ချက်တွေ ကွက်လပ်လေးဖြစ်သွားမှာကိုစိုးတယ်၊ ကျွန်မ တစ်ယောက်ထဲ စိတ်ချမ်းသာမှုအတွက် သူတို့၏ မျှော်လင့်ချက်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမိမှာကို စိတ်ပူတယ်။ကျွန်မကြောင့် ကျွန်မနှင့် ပတ်သက်သောသူများ တစ်စုံတစ်ရာစိတ်အနှောက်ယှက်ဖြစ်ပေါ်ခံစားသွားရမှာကို မလိုချင်ဘူး။


သိုဖြစ်ပါသောကြောင့်……


အားလုံးအဆင်ပြေစေအောင် နှင့် ကျွန်မတို့ ရည်မှန်းချက်တွေ ပြည့်အောင် ကျွန်မ၏စိတ် လွတ်လပ်စွာပျော်ရွင်မှုကို ခဏ ထိန်းချုပ်မျိုသိပ့်ကာ ကျဉ်းမြောင်းလှသော စိတ်လှောင်အိမ်ငယ်လေးမှာ တခဏတာ နေနိုင်အောင် နေလိုက်ပါ့မယ်…..။


အမှန်တကယ်ဆိုလျှင် တစ်နယ်စီ ခွဲမနေချင်ပါဘူး.... ဒါပေမဲ့ လည်း အကြောင်းကြောင်းသော အကြောင်းတွေ ကြောင့် အဝေးမှာ ခွဲနေကြတာပေါ့နော်...


No comments: