Wednesday, February 18, 2009

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့၊
မေ့သွားရင်လည်း
အကောင်းသား။

မမေ့ မမုန်း
တစ်နေ့လုံး ... သူ၊
စိတ်ကိုယူငင်
ရစ်တွင်ရစ်ဖွဲ့၊ နှောင်တွယ်နွဲ့ပြုံး
အလွမ်းဆုံး ... မြစ်
လှော်ရင်းနစ်ပြီ။

မပျော်နေ့ည
မေ့မရလို့၊
တွေ့ကြတဲ့အခါ၊
သူမြင်သာအောင်၊
ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား၊နှလုံးသားမှ
မျက်ရည်များဖြင့် ပြချင်တယ် ... ။


(မောင်လှမျိုး) မှ ကဗျာလေးပါ။

No comments: