Friday, October 10, 2008

အချစ်ဆိုသည်မှာ.......

အချစ်သည် အရာရာတိုင်းနီးပါးကို စွမ်းဆောင်ပေးနိုင်တယ်နော်.

အချစ်သည် ၀မ်းသာမှုတွေကို ယူဆောင်လာသလို...
အချစ်သည် ၀မ်းနည်းမှုတွေကိုလည်း ယူဆောင်ပေးတတ်ပြန်တယ်..

အချစ်သည် ပျော်ရွင်စရာများစွာကို ဖန်တီးပေးသလို...
အချစ်သည် ကြေကွဲဖွယ်ရာများစွာကိုလည်း တိတ်တိတ်လေး ဖန်ဆင်း ပေးသွားပြန်တယ်...

အချစ်သည် အေးချမ်းမှုရသကို ဖော်ဆောင်ပေးသလို..
အချစ်သည် ပူပင်မှုသောကတွေကိုလည်း ဖော်ဆောင်ပေးတတ်ပြန်တယ်..

အချစ်သည် ကြည်နူးမှုလေးတွေ သယ်ဆောင်ပေးတတ်သလို
အချစ်သည် မနာလို ၀န်တိုမှုတွေကို လည်း သယ်ဆောင်ပေးတတ်ပြန်တယ်

အချစ်သည် ယုံကြည်မှုရှိအောင် တွန်းအားပေးတတ်သလို..
အချစ်သည် သံသယများစွာဖြစ်ပေါ်အောင်လည်း တိုက်တွန်းပေးတတ်ပြန်တယ်

အချစ်သည် ခွန်အားများစွာကို ဖြစ်ပေါ်လာစေသလို..
အချစ်သည် သိမ်ငယ်မှုများစွာကို လည်းဖြစ်ပေါ်စေတတ်ပြန်တယ်..

အချစ်သည် အရာရာကို ရင်ဆိုင်နိုင်အောင် သတိတွေ ထည့်သွားပေးတတ်သလို..
အချစ်သည် အရာရာကို စိုးရိမ်ကြောက်ရွံအောင် အားငယ်မှုတွေကိုလည်း ထည့်သွားပေးတတ်ပြန်တယ်..

အချစ်သည် ဘ၀တစ်ခုလုံးကို တိုးတက်အောင် စွမ်းအားတွေနဲ့ စွမ်းဆောင် ပေးတတ်သလို..
အချစ်သည် ဘ၀တစ်ခုလုံးကို ကျဆုံးသွားအောင်လည်း စွမ်းဆောင် ပေးတတ်ပြန်တယ်..

အချစ်သည် ကူညီမှုတွေ ပေးတတ်အောင် သင်ပေးတတ်သလို..
အချစ်သည် နှောက်ယှက်မှုတွေ လုပ်တတ်အောင် သင်ပေးတတ်ပြန်တယ်..

အချစ်သည် ကောင်းမွန်သော စိတ်စေတနာများကို ဖြစ်ပေါ်လာစေတတ်သလို..
အချစ်သည် မဖြူစင်သော(ယုတ်ညံ့သော) စိတ်ထားများစွာကိုလည်း ဖြစ်ပေါ်စေတတ်ပြန်တယ်..

အချစ်သည် စိတ်ကို အမျိုးမျိုးသော ပြောင်းလဲမှုတွေကို ခံစားစေနိုင်တယ်နော်

ဒါကျွန်မ နားလည်သော ခံစားချက်တစ်ချို့ ပါ၊ မှန်ကောင်းမှန်နိုင်သလို၊ မှားကောင်းလည်း မှားနိုင်ပါသည်..

ကျွန်မအတွက်မှန်ပေမဲ့ တခြားတစ်ဦး တစ်ယောက်အတွက် မှားကောင်း မှားနိုင်ပါသည်

အချစ်ကို မြင်သောအမြင် များစွာရှိသောကြောင့် တစ်ဦးတစ်ယောက်အမြင်ခြင်း မတူနိုင်တာ သဘာဝပါ

တချို့ သော ခံစားချက်တွေသည် ပြန်လည်ရေသား မရနိုင်အောင် နက်နဲမှုရှိပါသည်.. ပြန်လည်ရှင်းပြလိုက်လျှင် ပေါ့သလို ဖြစ်သွားသော ခံစားမှုမျိုး ကို ခံစားရတတ်ပါသည်

ထိုကြောင် ရင်ထဲ သိမ်းဆည်းထားခြင်းသည် အကောင်းဆုံးသော လုပ်ဆောင်မှုဖြစ်နိုင်ပါသည်..

No comments: