Wednesday, March 19, 2008

ကျွန်မ နှင့် စင်္ကာပူ

ကျွန်မ စင်္ကာပူကိုရောက်တာ တစ်နှစ်ပြည့်ခဲ့ပါပြီ

ဒီတစ်နှစ်အတွင်း - ကျွန်မစင်္ကာပူကို ရောက်တဲ့အချိန်မှစ၍ ယခုအချိန်ထိ အစစအရာရာ ကူညီပေးနေသော ကျွန်မ၏အစ်ကိုများကိုလည်း လေးလေးနက်နက်ကို ကျေးဇူးတင်မိ ပါတယ်၊ ကျွန်မအမြင်ကတ်လောက်အောင် လုပ်နေပေမဲ့လည်းကျွန်မကို ကူညီပေးနေဆဲပါ၊ ကျွန်မ အမြဲ မှတ်မိနေမှာပါ။

တစ်နှစ်အတွင်း တွေ့ကြုံခဲ့ရသော အတွေ့အကြုံ အခက်များကြားထဲက ကျွန်မ သိသလောက် တချို့ကို အမှတ်တရအနေနဲ့ Blog ပေါ် တင်လိုက်ပြန်ပါပြီ

တစ်နှစ်အတွင်း အခက်အခဲတွေနှင့်ရင်ဆိုင်ခဲ့ရပေမဲ့ ပျော်အောင်နေခဲ့ပါတယ်ပေါ့နော်….
ကျွန်မလက်လှမ်းမှီသမျှလေးကိုရေးချင်လို့ ရေးလိုက်ပါတယ်နော်…..

အခုဆိုကျွန်မတို့မြန်မာတွေတော်တော်များများ စင်္ကာပူ ကိုလာရောက်အလုပ်လုပ်ကိုင် နေကြတယ်နော်… ပြည်တွင်းမှာနေသောသူများသည် ပြည်ပကို သွားရောက်ရန် ဘာတွေလိုအပ်လဲ အစရှိသည့် အတွေ့အကြုံမရှိကြတာကို အပြစ်မတင်ရက်ပါ၊ ကျွန်မလည်း အပြင်ကိုထွက်မလာခင်က ဘာဆိုဘာမှ မသိခဲ့ပါ၊ လူလောက ကပဲရှုပ်ထွေး လွန်းတာလား ကျွန်မကပဲ ညံ့ခဲ့တာလားထင်မိခဲ့တာပေါ့နော်… ဒီလိုမျိုးမဟုတ်ခဲ့ပါ၊ Oversea ကိုသွားနေတဲ့လူတွေသာ သိခဲ့ကြတာပါ ပြည်တွင်းနေသူ အားလုံး ဂရုမထားမိကြတာပါ။ ကိုယ့်ပြည်တွင်း ကိုယ့်အလုပ်တွေနဲ့ အချိန်ကုန်နေခဲ့ကြလို့ တခြားတိုးတက်ပြောင်းလဲနေပြီဖြစ်သော ခေတ်ရေစီးကြောင်းတွေကို မသိနိုင်ခဲ့ကြတာပေါ့၊

အဲဒီလိုမသိသူတွေများလာတော့ တချို့အမြင်ကျယ်ကျယ်မြင်သော သူများ၏ လက်ထဲက ရေတွေ ဖြစ်ကုန်ကြတာပေါ့၊ ကိုယ့်လူမျိုးအချင်းချင်းမေတ္တာတရားထားပြီး ကူညီရိုင်းပင်းရန် မဆိုထားနှင့် ဘယ်လိုမျိုး အမြတ်ထုတ်ရမလဲဆိုပြီးစောင့်ကြည့်နေကာ မေတ္တာတရား ခေါင်းပါး သော အနေအထားသို့ ရောက်ရှိနေခဲ့ပါပြီ၊

ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် တစ်ဦးအပေါ်တစ်ဦးမေတ္တာထားပြီး စကားအရဖြင့် အပြန်အလှန်ကူညီရိုင်းပင်းလျှင်ပင်အလွန်ကျေးဇူးတင်ကာ မင်္ဂလာရှိသည်ဟု သတ်မှတ်ပေးတတ်ကြပါသည်။ အခုတော့ စိတ်နေစိတ်ထားများ တဖြည်းဖြည်း ပြောင်းလဲကာ ကောင်းသောအနေအထားများ မှေးမိန်စ ပြုလာပြီလို့ ဆိုရတော့ မလိုပါပဲပေါ့နော်

လူလူချင်း မေတ္တာတရားများအပြန်အလှန်ထားနိုင်ကြပါစေနော်……

ကျွန်မပြောပြမည့်အကြောင်းအရာကတော့ မြန်မာတွေ စင်္ကာပူကို လာလျှင် သတိ နည်းနည်းလေးထားကြရန်ပါ၊ အပြောကောင်းတိုင်း မယုံမိကြရန်နှင့် လွယ်လင့်တကူ ပြောလာသော စကားများကို သတိနှင့် စဉ်းစားဆင်ခြင်နိုင်ကြရန်ပါ၊

ပြည်ပတွင်အလုပ်အကိုင် အလွယ်တကူမရတတ်ပါ၊ ကိုယ့်အရည်အချင်း၊ကိုယ်ရဲ့ကံ ရှိသလောက် ကိုယ်ရမှာပါ၊ ကိုယ့်မှာ ရှိသောအရည်အချင်းတွေကို ကိုယ်ဘာသာကိုယ်မြင်ပြီး သူများတွေပြောသမျှကို စဉ်းစားကြပေါ့နော်..

မြန်မာပြည်ကနေတိုက်ရိုက်လာမည်ဆိုလျှင်… အချက်အလက်တစ်ချို့ပါ….
( S Pass အတွက်ပါ )
စင်္ကာပူတွင်အလုပ်လုပ်ရန်အဆင်ပြေနိုင်သော ယေဘုယျ အချက်များပါ၊ သိသလောက်ပေါ့
ယေဘုယျအားဖြင့် English ကတော့ အခြေခံလောက် ပြော၊ရေး၊ဖတ် နိုင်ရမှာပေါ့နော်၊ Engineer, Programmer, AutoCAD, Accountant လား၊ ဒါမှမဟုတ် English & Chinese လိုတော်တော်လေးအကျွမ်းအ၀င် ရှိလားပေါ့နော်၊ ဒါမှ Office staff လုပ်လို့ရနိုင်တယ်ပေါ့၊ အခုနောက်ထပ် ကြားမိတာကတော့ စားသောက်ဆိုင် နှင့် အရောင်းအပိုင်း (Shopping Mall) တွေမှာ S Pass နဲ့ အလုပ်ခန့်ရန် ခေါ်နေတယ်လိုတော့ ကြားမိပါတယ်….. ဒါကျွန်မသိသလောက် မြန်မာပြည်ကနေလာသောသူများ အများဆုံး လုပ်နေကြတာတွေပါ။

W Pass အတွက်ကတော့
မြန်မာပြည်မှာ Low Levy သင်တန်းတစ်ခုတက် ပြီးတော့မှ အေဂျင်စီတွေက တဆင့်အလုပ်လျှေက်၊ ခေါ်စာကျလာမှသာ Approval Letter နှင့် စင်္ကာပူကို ၀င်လာနိုင်ပါတယ်၊ သင်တန်းမတက်ဘဲလာသောသူများ လစာအရမ်းကွာတဲ့ အပြင် အန္တရယ်များသော လုပ်ငန်းတွင် လုပ်ကိုင်ရတတ်ပါသည်၊ သူမှာ အသက် မွေးဝမ်းကျောင်း အနေနဲ့ ဘာမှမတတ်ထားလျှင် ဒီလိုပဲလုပ်ရတယ်ပေါ့နော်

ကျောင်းတက်ရန်လာသောသူများဆိုလျှင်လည်း
စင်္ကာပူအစိုးရကျောင်းဆိုလျှင် ကျောင်းလခလည်းသက်သာ၊ Part Time အလုပ်လည်း လုပ်လို့ရ၊ ကျောင်းပြီးလျှင်းလည်း အလုပ်ရှာရ လွယ်တယ်ပေါ့၊ အပြင် Private School ဆိုလျှင်တော့ ကျောင်းလခများသည့် အပြင်၊ Part Time အလုပ်လည်းလုပ်မရပါ၊ ကျောင်းပြီးလို့ အလုပ်ရရန်လည်း ခက်ပါသည်၊ အခုလက်ရှိ ရောက်ပြီး ကျောင်းတက်နေသူများ ကိုယ်တိုင်ကြုံတွေ့ နေရသော အခက်အခဲတစ်ချို့ပါ၊ Private School တက်သောကျောင်းသူ၊ ကျောင်းသားတွေသည် Part Time အလုပ်ကို ခိုးလုပ်ရတာပါ၊ ဖမ်းမိရင် ပြန်ရနိုင်ပါတယ်။ လက်ရှိလည်းလုပ်နေကျပါသည်။

Home-Make အနေနဲ့ ဆိုလျှင်တော့
Home-Make အနေနှင့် လာသောသူများလည်းတွေ့ရပါသည်၊ တချို့ ဘွဲ့ရတွေပင်လျှင် Home-Make အနေနှင့် လာနေကြပါတယ်၊ အဆင်ပြေသူရှိသလို မပြေသူတွေပိုများတာကို တွေ့ရပါသည်။ ဒါကတော့ ကိုယ်ဘယ်လိုအိမ်ရှင်မျိုး ကျမလဲမှ ကြိုမသိနိုင်တာ၊ ကံပဲပေါ့

အခုရေးတာတွေသည် အကြမ်းသဘောလောက်သာလျှင်ဖြစ်ပါသည်…..
ကျွန်မက သည်လိုဆို ဘယ်လိုဖြစ်နိုင်သည်၊ဖြစ်တတ်သည် ဆိုတာကိုသာ ရေးသားထားခြင်းပါ။

No comments: