ကိုယ့် မွေးရပ်ကို ပြန်ချင်နေပါသော်လည်း မပြန်နိုင်သေးပါ။
ကိုယ်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲ
ကိုယ်ရည်ရွယ်ချက် မပြည့်ဝသေးသ၍
ဘာတွေပဲ ခံစားရ ခံစားရ
ဘယ်လောက်ပဲ သိမ်ငယ်နေနေ
ဘယ်လောက်ပဲ မွန်းကျပ်နေပါစေ
ယဉ်ကျေးမှုမတူ
ဘာသာတရားမရှိ
လူမျိုးပျောက်နေသော
ရင်ထဲမှာ ဗလာနတ္ထိ ခံစားမှုကင်းမဲ့စွာဖြင့်
သံပတ်ပေးထားသော
စက်ရုပ်ပုံစံ လူသားအများစု နေထိုင်သော
အခုလက်ရှိနေရာမှာ နေရဦးမှာပါလား…
ပျော်ရာမှာမနေရ တော်ရာမှာနေရဦးမှာပေါ့
မပျော်ပေမဲ့လည်း ပျော်ချင်ယောင်ဆောင်ကာ
ငိုချင်နေပေမဲ့လည်း ပြုံးချင်ယောင်ဆောင်ပြီး
ဟန်ဆောင်နေသော မျက်နှာဖြင့်
ကိုယ်ရဲ့ လိုအပ်ချက်များ၊
ကိုယ်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ရာ
ဒီလောက်လေးတော့ ရင်းနှီးနိုင်ရမှာပေါ့…….နော်.
Friday, January 18, 2008
အခုတလော
ရေးသူ
သပြေ
အချိန်
2:42 AM
စာအမျိုးအစား ခံစားချက်တချို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment