Sunday, January 13, 2008

ပါရမီဖြည့်ဖက်

တစ်ခါတုန်းက စာရေးဆရာလောင်းလျာ တစ်ယောက်မှာ ထူးခြားသော ဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။
သူမနာမည်က ဆိုဖီယာ ဖြစ်သည်။
သူမ၏ ခင်ပွန်း နသယ်နီယန်သည် အကောက်ခွန်ရုံး အမှုထမ်းတစ်ဦးဖြစ်၍၊ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်ထွေလျက် ပြန်ရောက်လာသည်။ သူအလုပ်ပြုတ်လာခဲ့ပြီ ဖြစ်ကြောင်း စိတ်ပျက်လက်ပျက်ပြောသည့်အခါ ဇနီးသည်က ၀မ်းသာအားရ ထအော်သည်။ မိန်းမဘယ်လိုဖြစ်သွားတာပါလိမ့်ဟု သူငေးမောနေစဉ် ဇနီးသည်က၊ “ ဟန်ကျပြီ၊ ရှင်ရေးချင်နေတဲ့ဝတ္ထု အခုမှရေးရတော့မယ်”ဟုဆိုသည်။
“ အေးကွာ၊ အားသွားတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ စာထိုင်ရေးနေတော့ ဘာနဲ့သွားစားမလဲ” ယောက်ျားက စိတ်ဓာတ်ကျလျက်ပင် ပြန်ပြောသည်။

ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူကို ယူ၍ ထောင်ပြလိုက်သည့်အခါ နသန်နီယယ် အံ့အားသင့်သွားသည်။
“ မင်း ဘယ်က ရသလဲ” သူ တအံ့တသြ မေးသည်။
“ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာ ယုံကြည်ထားပြီးသား။ တစ်နေ့ကျရင် ဂန္ထ၀င်တွင်မယ့် ၀တ္ထုကြီး တစ်ပုဒ် ရှင်ရေးဖြစ်မယ်ဆိုတာ ကျွန်မသိနေတယ်၊ အဲဒါကြောင့်မို့လို့ ရှင်အပတ်စဉ် ပေးတဲ့ ငွေထဲက နည်းနည်းစီ ကျွန်မ ဖဲ့ဖဲ့ပြီး စုထားတာ၊ ဒီပိုက်ဆံနဲ့ ကျွန်မတို့ တစ်နှစ်လုံး စားလို့လောက်တယ် ရှင်ရေးပေတော့” ဟု ဆိုဖီယာက ယုံကြည်မှု အပြည့်နဲ့ပြောလိုက်သည်။
မိမိအပေါ် အားထားယုံကြည်လှသည့် ဇနီးသည်ထံမှ ထက်သန်တက်ကြွစိတ်တွေ ကူးစက်ကာ နသန်နီယယ်သည် အမေရိကန်စာပေသမိုင်းတွင် အထင်ရှားဆုံး လက်ရာတစ်ခု ဖြစ်လာမည့် ‘ကြက်သွေးရောင်စာလုံး’ (The Scarlet Letter) ၀တ္ထုကြီးကို ရေးသားဖြစ်ခဲ့ပြီး နသန်နီယယ်ဟော်သွန်း (Nathaniel Hawthorne) ဟူသော သူ၏ အမည်ကိုလည်းက ကမ္ဘာက သိစေခဲ့ပေသည်။

စာရေးသူ : ဖေမြင့်
မူရင်း : Nido Qubein ၏ Encouragement



ကျွန်မသည် ဒီဝတ္ထု ကိုနှစ်သက်ပါသည်။
ကျွန်မ အတုယူမိမှာပါ။(ကျွန်မအိမ်ထောင်ဖက်အတွက်ပါ)
တူညီစွာနဲ့ အပြန်အလှန်နားလည်ယုံကြည်မှု၊ အပေးအယူ မျှတမှု၊ စာနာထောက်ထားမှု တွေ လိုအပ်ပါသည်။ ဒီလိုဆိုပျော်စရာကောင်းသော ဘ၀ကို ပိုင်ဆိုင်မှာပါ။

No comments: