Thursday, December 27, 2007

မျှော်လင့်သောနေ့ရက်

ကဗျာတွေကို မခံစားတတ်ခဲ့ပေမဲ့လည်း
မွေးရပ်မြေနှင့်ဝေးကွာခဲ့ကာမှ
စာတွေလည်းရေးချင် ကဗျာတွေလည်းဖတ်မိ

အထီးကျန်မှုဆိုတာကိုပိုက်ထွေးရင်း
အမေ့ကိုလည်းလွမ်းနေမိ၊အဖေကိုလည်းသတိရနေမိ
ချစ်သူကိုလည်းလွမ်းလွန်းလို့ ဘယ်လိုနေရမလဲ
တစ်ချိန်ကပုံရိပ်များကို ပြန်လည်တွေးတောရင်း

ကိုယ့်နဘေးမှာ အပြန်အလှန်နားလည်ပေးမည့်သူမရှိ
ရင်ထဲမှာခံစားချက်ပေါင်း မြောက်များစွာနဲ့
ဘာတွေကိုအလိုမကျသလဲ…..မသိသောနေ့ရက်များကို
ရင်ဆိုင်ကျော်ဖြတ်ရင်း…….
တနေ့နေ့ ချစ်သောသူအားလုံးနဲ့ပြန်ဆုံတွေ့မည်ဆိုသော
မျှော်လင့်ချက်ဖြင့်….

ခံစားမှု၊ အားငယ်မှု၊ အထီးကျန်မှု၊ သိမ်ငယ်မှု တွေကို
ရင်ထဲပိုက်ထွေးရင်း ကျန်ရှိနေသေးသောရက်များစွာကို
ရင်ဆိုင်ဖြတ်သန်းရန် ခွန်အားများစွာမွေးမြူရင်း
ခြောက်ကပ်ကပ်အေးအေးစက်စက်နေ့ရက်တွေ
တစ်ရက်တစ်ရက်ကုန်နေတာ…အခုဆိုရင်
နှစ်တစ်နှစ်ဧ။် နောက်ဆုံးလဖြစ်သော
အေးချမ်းလှတဲ့ဒီဇင်ဘာတောင်ကုန်ဆုံးနေပြီနော်

အားလုံးနဲ့ပြန်ဆုံတွေ့ရန် နီးလာပြီဆိုသောအသိဖြင့်
ရင်ထဲကြည်နူးမှုတွေနဲ့…..
နောက်နှစ်ဒီအချိန်ဆိုရင်……

No comments: