Sunday, December 30, 2007

"2008" ကိုကြိုဆိုပါ၏

“2008” New Year ကိုများမကြာမီတွင်စတင်ရောက်ရှိတော့မှာဖြစ်ပါသည်

“01.January.2008” ဆိုတဲ့ အချိန်ကစပြီး 31.December.2008 ထိ (၁)နှစ်တာကို အဓိပ္ပာယ်ရှိစွာ ဘယ်လို ကုန်ဆုံးစေမှာလဲ ဆိုတာကို နောက်နှစ် ဒီအချိန်ဆိုရင် စဉ်းစားနိုင်ရန် နှစ်တစ်နှစ်တာအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရတော့မည်….

ဒီနေ့ ကိုယ် ဘာတွေလုပ်ခဲ့လဲ?
ဒီလ ကိုယ် ဘာတွေလုပ်ခဲ့ပြီလဲ?
ဒီနှစ် ကိုယ် ဘာတွေလုပ်ခဲ့ပြီးပြီလဲ?

တစ်နှစ် ကုန်ပါပြီ ကိုယ့်အတွက် တိုးတက်မှု၊ အောင်မြင်မှုတွေ ဘယ်လောက် ပိုင်ဆိုင်ခဲ့ပြီလဲ
အရင်နှစ်က ကိုယ့်အခြေအနေ ဒီနှစ် ကိုယ့်အခြေအနေ တူနေပြီလား? ဘာတွေကွာခြားခဲ့ပါသလဲ? ဘာလိုအပ်ချက်တွေ ရှိခဲ့သလဲ… ကိုယ်နဲ့ တစ်နည်းနည်း ပတ်သက်နေသော သူများစွာအတွက် လည်းကောင်း၊ တခြား လူမှုကိစ္စ များစွာကိုသော်လည်းကောင်း ဘာတွေ လုပ်ပေးနိုင်ခဲ့သလဲ…

အရင်နှစ်က လိုအပ်ချက်ကို နောက်နှစ်တွင် လိုအပ်ချက် အနည်းဆုံးနဲ့ ဒီထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။ “2007” ဆိုသောနှစ် ကုန်နေချိန်တွင် ဘယ်အရာတွေများ တိုးတက်ခဲ့သလဲလို့ ပြန်စဉ်းစားမိရင် အရာအားလုံး ဝေေ၀၀ါးဝါး သာလျှင် ဖြစ်နေပါသည်။ ဒီတော့ ကုန်ဆုံးသွားသော အချိန်တွေကို ပြန်ပြောင်း အောက်မေ့လွမ်းဆွတ် မနေတော့ပဲ….. ကိုယ်ကို ၀မ်းသာစွာနဲ့ ကြိုဆိုနေသော နှစ်သစ်မှစ၍ ကိုယ်အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ပေးရင်းဖြင့် .. နောက်လာမည့် “2008” Dec တွင် အမှတ်ရစရာလေးတွေ စဉ်းစားစရာလေးတွေ၊ ကြည်နူးစရာလေးတွေ ကိုကျန်ရစ်စေမယ်နော်….

“2007” ကတော့ဖြင့် နှုတ်ဆက်နေပါပြီ…. “2008” လည်း အားအင်ပြည့်စွာနဲ့ ကြိုဆိုနေတယ်နော်…

နှစ်သစ် တစ်နှစ်တော့ ကူးပြီနော်… ကိုယ့်ရဲ့တွေးခေါ်မှု အမြင်တွေကရော Update ဖြစ်ရဲ့လား ဆိုတာလည်း စဉ်းစားရဦးမယ်… နှစ်သစ် ကူးသော်လည်း တွေးခေါ်ပုံ အမြင်တွေကတော့ Back-Date ဆိုရင်တော့ ဘယ်ဟုတ်ပါ့ဦးမလဲနော်…. တစ်နှစ်ထက်တစ်နှစ် ပိုကောင်းဖို့တော့ လိုအပ်မှာနော်

အခုက စပြီး အစစအရာရာ ကြိုးစားနေပြီလား (သို့) သက်သာသလို အီလေးဆွဲနေသလား ဆိုတာကို ပြန်ဆန်းစစ်နေရင်း နှစ်တစ်တာအတွင်း ကိုယ်ရဲ့ လုပ်ဆောင်ချက်ပေါင်း မြောက်မြားစွာတွင် ဘာတွေများ ကျန်ခဲ့သလဲ ဆိုတာ ပုံဖော် ကြည့်မြင်နိုင်ရန် ကြိုးစား နေရပါသည်။ ဘယ်လောက် အတိုင်းအတာထိ ရောက်နေလဲ၊ တိုးတက်ခဲ့လဲ ဆိုတာ သိနိုင်ရန် အရေးကြီးပါသည်။ နွေးထွေးစွာ ကြိုဆိုနေသော “2008” ခုနှစ်တွင် အရာအားလုံးကို “တိုးတက် အောင်မြင်မှု၊ ၀မ်းသာ ပျော်ရွှင်မှု၊ကို အပြည့်အ၀ ပိုင်ဆိုင်ကြပြီး နောက်လာမည့်.. လာမည့် နှစ်များစွာတွင်လည်း ဘ၀တစ်လျောက်လုံး တည်ငြိမ် အေးချမ်းစွာ နေထိုင် သွားနိုင်ကြပါစေနော်….

No comments: