Friday, December 7, 2007

"နိဂုံး"

"နိဂုံး" ဆိုသည်မှာ သုည၏ ဟိုဘက် အလွန်တွင်သာ ရှိသင့်သော အရာဖြစ်သည်။

အရာရာကို "နိဂုံး" ချုပ်လိုက်ပြီ ဆိုလျှင် အကြွင်းအဖြစ် သုညပင်လျှင် မကျန်ရစ်ခဲ့သင့်ပါ။

အဘယ်ကြောင့်ဆိုသော်......
သုညသည် အရာရာတိုင်း၏ မိခင်ဖြစ်သည်။ သုညရှိနေလျှင် ဘ၀သည် အသစ်တစ်ဖန် ပြန်စနေရဦးမည်။
လောကသည် သံသရာ အသစ် ပြန်လည်ရဦးမည်။

တကယ်တမ်း.......
သင်ကိုသင် "နိဂုံး" ချုပ်လိုလျှင် သင်စိတ်သည် သုည၏ ဟိုဘက် အလွန်အထိ ရောက်အောင် သွားသင့်ပါသည်။
မင်းခိုက်စိုးစံ


ကျွန်မ....သည်
"နိဂုံး" ထိတော့ ရောက်အောင် မသွားချင်သေးပါ... တခါတလေတော့လဲ သုညက ပြန်စချင်တဲ့ စိတ်တော့ ဖြစ်မိပါတယ်.. ဒါဟာ နောင်တတော့ မဟုတ်ပါ.. တချို့ လုပ်စရာလေးတွေ ကျန်ခဲ့လို့လေ... အခု ကိုယ်လက်ရှိ ရောက်နေတဲ့ အနေအထားတိုင်းကို ကောင်းအောင် လုပ်ဆောင် နေကြပါသည်.... ဒါပေမဲ့လည်း နောင် (.....)နှစ်ကြာတဲ့အခါ သြော် အရင်က ဒီလိုလုပ်ခဲ့ရင် ကောင်းမယ် လို့ဆိုတဲ့ စိတ်ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါသည်။

ဒါဟာလည်း နောင်တမဟုတ်ပါ.... အရင်ကလည်း ကိုယ့်အတွက် ကောင်းအောင် လုပ်ခဲ့တာပါပဲ..... အခုကျမှ ဒီလိုမျိုး စဉ်းစားမိခြင်းမျိုး မဟုတ်ကြပါ... အခု ဒီလိုလုပ်ရင် ပိုကောင်းမယ်ဆိုတဲ့ ကောင်းတဲ့ အမြင်မျိုးတွေမြင်တတ်လာလို့လေ.... တစ်ဖြေးဖြေးနဲ့ ပိုကောင်းတဲ့ အမြင်မျိုးတွေ မြင်လာကြတာပါ.... အပြစ်တွေကို အတွ့အကြုံဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါပြီ...

No comments: