Friday, November 13, 2009

PLEASE

"အော်ချင် ဟောက်ချင်ရင် စပါယ်ရာလုပ်
ကျော်ချင် ခွချင်ရင် ဆိုက်ကားနင်း
အထူ အပါး နားမလည်ရင် ၀တ်သား ဒုတ်ထိုးရောင်းကြည့် ပါ......တဲ့"


ကျွန်မ တွေးစရာတစ်ခုဖြစ်သွားရတာပါ

1 .

သူတပါးကို အော်ရမှာ အရမ်းဝန်လေးတတ်သလို၊ ကျွန်မကို အော်တဲ့ သူကိုလည်း အရမ်းကြောက်တတ်ပါတယ်။ ကျွန်မကို အော်ခံလိုက်ရမှာ အရမ်းကြောက်တတ်လို့လားမပြောတတ်ဘူး သူတပါးကိုလည်း ကျွန်မ မအော်တတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မ အော်ခံရ၊ ဟောက်ခံရ ပေါင်း မရေတွက်တတ်အောင်ပါပဲ.....

ကျွန်မ မြန်မာပြည်မှာ လုပ်တဲ့အလုပ်ကလည်း Customer Service အလုပ်မျိုးပါပဲ။ Singapore ရောက်တော့ လည်း Customer Service အလုပ်စစ်စစ်ပါပဲ။Always , Customer is right. ဖြစ်နေတော့ ကျွန်မ ဘယ်လို မှကို မတတ်နိုင်တာပါ။ ကိုယ်တိုင်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း ကူညီလိုက်ရလို့ ကိုယ့် Customer တွေ အဆင်ပြေသွားရင် အရမ်းဝမ်းသာမိတာ ကျွန်မ၏ ၀ါသနာဖြစ်ပါလိမ့်မယ်။ ကျွန်မ အလုပ်နဲ့ မပတ်သက်ပေမဲ့လည်း ကျွန်မသိသလောက် အတတ်နိုင်ဆုံး လုပ်ပေးမိ တာ ကျွန်မ၏မွေးရာပါ မကောင်းသော အကျင့်သာဖြစ်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်က အကူညီတောင်းနေတာကို ကိုယ်မအားသည့် ကြားက စိတ်ရှုပ်ခံပြီး လုပ်ပေးနေတတ်တာ ကျွန်မ၏ အားနည်းချက်ပေါ့။ ကိုယ်က Customer ဖြစ်နေရင်လည်း Complaint မလုပ်တတ်တာ ကျွန်မ၏ ညံ့ချက်နေမှာပါ ။

ကျွန်မလေ Singapore မှာ နေတဲ့သူတွေကို ကိုယ်ချင်းစာမိပါတယ်။ သူတို့မှာလည်း အလွန်များသော stress တွေရှိနေတတ်လို့ပါ။ အားလုံးကိုလည်း အတတ်နိုင်ဆုံး ကိုယ့်လေသံလေးကို နှိမ့်ချ ပြောဆိုပေးနေခဲ့ ပါသော်လည်း နားလည်မပေးတတ်သော တချို့ Customer တွေ၏ အော်ခြင်းကို မကြာခဏ ခံရတတ်သော ကျွန်မပါ....

တွေးပြီးရယ်မိတယ်၊ "အော်ချင် ဟောက်ချင်ရင် စပါယ်ရာလုပ်" လို့ ကျွန်မကို လာအော်သော သူတို့ကို ပြောလိုက်မိရင် ကျွန်မကို လာပြီးများတောင် သတ်မလားမသိဘူး.... P:

2.

ကျော်ချင်ခွချင်တာနဲ့ ပတ်သက်ပြီး ကျွန်မ သိပ့်မသိဘူး ဖြစ်နေတယ်။ သူများတွေ ကိုယ့်အပေါ် ကျောသွားတာကို ပြောတာဆိုလည်း ကျွန်မကို ဘယ်သူက အနိုင်ယူပါတယ်၊ ကျောသွားတာတွေရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်မ က တချို့နေရာတွေမှာ ပြောစရာမလိုလောက်အောင် သိပြီး တချို့ နေရာတွေဆို အရမ်းထုံပါတယ်။ ဘာမှ စိတ်မ၀င်စားတတ်လို့ လားမပြောတတ်ပါဘူး။ တစ်ခုရှိခဲ့ဘူးပါတယ်။ အလုပ်ဆိုပါတော့.... ဒီအလုပ်ကိုယ်က လုပ်ခဲ့တာပါ။ ဒါပေမဲ့ Boss ရှေ့ကြတော့ သူလုပ်သလိုမျိုးပြောပြနေတာတွေတော့ရှိခဲ့ပါတယ်။ ကျွန်မကလည်း ကျွန်မပဲ စိတ်ထဲတော့ ပထမတော့ တင်းကနဲ ဖြစ်သွားပေမဲ့လည်း ၊ နောက်နေ့ဆို မှတ်မထားတတ်တော့ဘူးး။ ကျွန်မ ယုံကြည်တယ်လေ.. အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မှ မရတာ။ ကျွန်မ မရှိတဲ့တစ်နေ့ သူဒီအလုပ်မျိုး လုပ်နိုင်ရင် အကောင်းဆုံးပေါ့နော်၊ ပြီးတော့ ကျွန်မ လုပ်ခဲ့တာ ကျွန်မကိုယ်တိုင်သိနေသလို၊ ဒုတိယ person ဖြစ်တဲ့ သူလည်းသိနေတာပဲလေ.... So...., ဘာမှမလိုတော့ပါဘူးပေါ့.... ဟုတ်တယ်ဟုတ် P:

3

အထူ အပါးနားမလည်တာကျတော့လည်း ကျွန်မသိသလောက်ပေါ့နော်။ အလိုက် သိခြင်း မသိခြင်းကိုပြောတာ ဆိုရင်တော့ ကျွန်မလည်း အလိုက်သိမ့်တော့ မသိတတ်သလိုပါပဲ.... ဒါပေမဲ့ ကိုယ်ထက် အလိုက်မသိတတ်သော သူမျိုးတွေ အများကြီးတွေ့ဖူးပါတယ်။ ကျွန်မ အကင်းပါသော နေရာတွေ မှာ ပါးတတ်ပြီး တခါတခါ အကောင်လိုက် ပြနေရင်တောင် ဘယ်မှလဲ ဆိုမေးတတ်တာ ကျွန်မ၏ မျက်စိအားနည်းမှုဖြစ်မယ်နဲ့ တူပါတယ်။ ကျွန်မ ကို စကားမပြောချင်လို့ mail ကို BLOCKED လုပ်ထားနေတာကို တောင် ကျွန်မ မျက်ရည်ကျမိပါတယ်။ ပြီးတော့ ဘာလို့ BLOCKED လုပ်ထားတာလဲလို့ မေးချင်နေသေးတာပါ... အဲဒီလောက် ကို ကျွန်မ ပါးသလား၊ ထူသလား မသိတာပါ။ ကိုယ်က စိတ်ထဲ နှစ်နှစ်ကာကာ ခင်လို့နေမှာပါနော်......


*****
သူငယ်ချင်း တစ်ယောက် မေးလ် ပေါ်မှာ တင်ထားတဲ့ စားသားလေးပါ။ ခွင့်တောင်းပြီး ကျွန်မ BLOG ပေါ် တင်ပြီး ကျွန်မ ဒီစားသားတွေကို ရေးဖြစ်ခဲ့တာပါ။

No comments: