ချစ်ခြင်းမေတ္တာ ကို ဘယ်လိုမြင်ပါသလဲပေါ့နော်.......!
မိန်းကလေးတွေ အမြင်မှာ ဆိုရင် ....... မိန်းကလေးများသည်သာ ကိုယ့်ချစ်သော ချစ်သူကို ပိုချစ်တတ်သည်ဟု မြင်တတ်သလို....,
ယောကျာ်းလေးတွေ အမြင်ဆိုရင်ရော....... ယောကျာ်းလေးတွေသည်သာ ကိုယ့်ချစ်သူ မိန်းကလေး အပေါ် ပိုချစ်တတ်သည်ဟု မြင်ကြပြန်ပါရော......,
အမျိုးသား အများစုက အတ္တကြီးတတ်သည် ဟု ထင်တတ်ကြသလို.......
အမျိုးသမီး အများစုသည်လည်း အတ္တကြီးတတ်သည်ဟု မြင်တတ်ပြန်ပါတယ်.....
ကျွန်မ၏ချစ်သူ သည် ကျွန်မအပေါ် ပိုချစ်သည်ဖြစ်စေ၊ ပိုမချစ်သည်ဖြစ်စေ............,
ကျွန်မ၏ချစ်သူ သည် အတ္တကြီး တတ်သူဖြစ်စေ၊ အတ္တမကြီး တတ်သူ ဖြစ်စေ..........,
ကျွန်မ အတွက်ကတော့........,
ချစ်ခြင်းမေတ္တာတရားဆိုသည်
တစ်ယောက်၏စိတ်ချမ်းသာမှုကို တစ်ယောက်က တတ်နိုင်သလောက် ကြိုးစားဖြည့်ဆည်း ပေးခြင်းသာ ဖြစ်သည်ဟု မြင်မိပါသည်။
Sunday, May 31, 2009
ချစ်ခြင်းမေတ္တာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment