Wednesday, April 22, 2009

ဖြစ်တည်မှု

*** လူတွေဆွေးလည်း *** တိမ်တွေဟာ မဆွေးခဲ့ဘူး***

*** ကြေကွဲမှုရှိရင် *** တိမ်တွေကို ကြည်လိုက်ပါ ***

*** ဒီမိုးသားအောက်မှာ *** တိမ်တွေလို ကျင့်ကြမယ် ***


ဘယ်လို လူမျိုးပါလိမ့် !!!
တခါတခါ... နှစ်မျိုးစလုံးပါပေါ့လား....!

  • သူမ၏ စိတ်ထဲတွင် စိတ်ဆိုးခြင်း၊ မကျေနပ်ခြင်း၊ စိတ်ကောက်ခြင်း အစရှိသဖြင့် အရာအားလုံးကို မျိုသိမ့်ပြီး သူမတစ်ယောက်တည်းသာ ခံစားစေပြီး သူမနှင့်သက်ဆိုင်သောသူကို စိတ်မညစ်စေချင်သဖြင့် စိတ်ညစ်စေမည့် တစ်စုံတစ်ရာကိုမှ ဖွင့်မပြောသော သူ လိုမျိုး... !
  • သူမ၏စိတ်ထဲ ခံစားမိသမျှအကြောင်းအရာ၊ ဖြစ်ချင်သမျှတွေ ကို မျိုသိမ့်ခြင်းမရှိ၊ သိချင်သမျှ၊ ပြောစရာရှိတာတွေကို ပြောပြောပြီး သူမနှင့် သက်ဆိုင်သောသူကို စိတ်ရှုပ်မှုတွေ ခဏခဏဖြစ်အောင် ပေးမိနေသော သူ လိုမျိုး... !

***** ဖြစ်ချင်ဆုံးကတော့ *****

အရာရာတိုင်း နားလည်ပြီး သိတတ်မှုရှိသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ချင်ပါသည်။

  • ဖြူစင်ရှင်းသန့်သော စိတ်ထား
  • ကြည်လင်နေသော အပြုံး
  • ပြုံးရွင်နေတတ်သော မျက်နှာ
  • သာယာအေးချမ်းသော စကားသံ

အမှန်တကယ်နှစ်သက်ပါသည်။

အခုချိန်၏ နောက်ပိုင်းမှစ ......

ပြောသမျှ၊ ရေးသမျှ၊ ပြုမူလုပ်ဆောင်သမျှ အားလုံး မုသားမပါသော အပြုအမူတွေသာ ဖြစ်ရပါစေမည်။

ပြန်လည်ပြီး ကြားရသော၊မြင်ရသော၊ပြုမူလုပ်ဆောင်သမျှ အားလုံးတွေတွင်လည်း မုသားအနည်းဆုံး အပြုအမူတွေသာ ဖြစ်ရပါစေ။

သို့တည်းမဟုတ်ပါခဲ့ပါလျှင်လည်း....,
ဘယ်သူမပြု မိမိပြု ဆိုသလို အတိတ်အတိတ်ကံ၏ အကျိုးပေးနည်းခဲ့လို့ မည်သည့်မည်သူ မှာမှ အပြစ်မရှိပါ၊ ကျွန်မတွင်သာ အပြစ်တည်ရှိပါသည်။

1 comment:

လင်းကြယ်ဖြူ said...

ကောင်းပါတယ်၊မှန်ပါတယ်ခင်ဗျာ။
ဆက်လက်အောင်မြင် ရေးသားနိုင်ပါစေခင်ဗျ။
ပျော်ပါစေ