Friday, April 3, 2009

ခေါင်းစဉ်မဲ့ - ၂

မေတ္တာထားတတ်ရန်အရေးကြီးပါသည်။

ကိုယ့် ချစ်သူ စိတ်ချမ်းသာစေချင်လျှင် ………


ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ် လို့ ပြောပြီး အမှန်တကယ်တော့ ကျွန်မ၏ ပြုမူပုံတွေက ကိုယ့် ကို ကိုယ်ပိုချစ်နေတာပါ….

သူ့ကို ချစ်တယ် ဆိုရင် သူစိတ်ချမ်းသာအောင်၊ သူသဘောအတိုင်း၊ သူပျော်ရွင်အောင် နေပေးနိုင်ရမှာပေါ့၊ အဲဒါမှ တကယ်ချစ်တာဖြစ်တော့မှာပေါ့၊ သူဘာပဲလိုလို ကိုယ့်ဖက်ကပေးနိုင်အောင်ပဲ အမြဲကြိုးစားရမယ်နော်… ကိုယ်လိုချင်တာတွေ သူဖက်ကနေ မပေးနိုင်ခဲ့လျှင် “ကိုယ်” စိတ်မကောင်းမဖြစ်ပါနှင့် သူကို “ကိုယ်” ပိုပြီးဂရုစိုက်နိုင်အောင်သာ ကြိုးစားပါနော်…..

ကိုယ့် ကို ကိုယ်ထက် သူကို ပိုချစ် ပါလျှက်နှင့် မချစ်တတ်သေးသလို ဖြစ်နေခဲ့လို့ ၀မ်းနည်းခဲ့ပါတယ်… အချိန်မနှောင်းသေးပါဘူးလို့ ယုံကြည်မိပါတယ်။


*** အရေးကြီးတာက ကျွန်မ သတိလေး ထားတတ်ရုံလေးပါ။

အမြဲမှတ်မိစေရန် ရည်ရွယ်ပါသည်။

No comments:

Post a Comment