ရင်ထဲမှာ….
ဘာမှ မခံစားရအောင် နေရတာဟာ
ခံစားနေရတာထက် ဆိုးတယ်။
မျိုသိပ်ထားတာထက်
ဆိုးတယ်။
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ။
“ ဘ၀ “ ဆိုတာ…
အချစ်ရဲ့ ,
လက်ပါးစေလားကွယ်။
အလွမ်းဆိုတာ
ကမ်းပြိုတဲ့ ... မြစ်
သစ်ပင်မဲ့ ... တော
ရေမျော ... အမှိုက် ။
အချစ်သီဆိုရာ
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်၊
အသံမဲ့ ဂီတ, တစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ
*** လောက , … ဆိုတဲ့ ဇာတ်ဆရာကြီးက အချစ်ကို အကြောင်းပြုပြီး လူတော်တော်များများကို လွမ်းတတ်အောင် လွမ်းရအောင် ဖန်တီးခဲ့တယ်လား!
*** မျိုသိပ်ခြင်းဆိုတာ…
အချစ်ရဲ့ , … ကိုယ်ပိုင်ပစ္စည်းများလားလို့ လောကကြီးကို အော်ပြီး မေးမြန်းလိုက်ချင်တယ်။
Wednesday, February 18, 2009
ခေါင်းစဉ်မဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment