ကျွန်မ Valentine Day ကို စသိခဲ့တဲ့အချိန်က မှတ်မှတ်ရရ (၇) တန်းနှစ်ကပေါ့….
ကောင်လေးတစ်ယောက် ကျောက်သင်ပုန်း ပေါ်မှာ ထွက်ရေးထားခြင်းပါ။
ကျောင်းချိန်က PT ချိန်ထွက်ရေးတာဆိုတော့ ဆရာလည်း မဆူပါ၊ မြင်လည်းမမြင် ဘူးပေါ့နော်…. မြင်မြင်ချင်း ကျွန်မ မသိဘူးဖြစ်နေတယ်…. တော်တော်ကြာစဉ်းစားလည်း အဲဒီစာသားကို မသိဘူး…. ကျွန်မ ကျောင်းစာသာရပါတယ်…. အပြင်ဗဟုသုတ မရှိတာပေါ့နော်…. ကျွန်မ မှာကလည်း အရမ်းရင်းနှီးစွာဖြင့် မေးရမည့် သူငယ်ချင်းကလည်း မရှိပေါ့…. ကြောင်ကြောင်တောင်တောင် နဲ့ပေါ့…. အိမ်ရောက်တော့မှ မနေနိုင်လို့ အိမ်ဘေးက အစ်ကို တစ်ယောက်ကို မေးကြည့်တော့ မှ “ချစ်သူများနေ့” လို့ သိလိုက်ရတယ်… သြော် ဒါကျွန်မ Valentine Day ဆိုတာကို စတင်သိရှိခဲ့ပုံပါ….
ဒီအပြင် ကျွန်မ မှာ ဘာထူးထူးခြားမှ မရှိခဲ့ပါ……
“2008” Valentine Day က ရယ်စရာတစ်ခုဖြစ်ခဲ့ပါတယ်… ကျွန်မ အလုပ်ကိုအသွားမှာ MRT ပေါ်ကအဆင်း ကျွန်မကို အနောက်က အမျိုးသမီးတစ်ဦးက ဖိနပ်ကို တက်နင်းလိုက်တာ ဘာပြောကောင်း မလဲ ဖိနပ်ပြတ်သွားပါလေရော…. အဲဒီ အမျိုးသမီးက သူ ဖိနပ် ပြန်လိုက်ဝယ်ပေးပါမယ်လို့ ပြောပေမဲ့ ကျွန်မက ရယ်မလို ငိုမလို မျက်နှာဖြင့် ရပါတယ်လို့ ပြန်ပြောလိုက်ပြီး MRT Station ထဲမှာ တော်တော်ကြာ ထိုင်နေပြီး နောက်ဆုံး ဖိနပ်ကိုကိုင်ပြီး MRT ပေါ်ကတက်လာ အမှိုက်ပုံးထဲထည့်ပြီး Peninsula Plaza ကို ဖိနပ်မပါပဲ ဒီအတိုင်းလမ်းလျှောက်ခဲ့ရသော ကျွန်မ၏ ရယ်စရာအဖြစ်အပျက်ပေါ့……
အဲဒီအချိန်မှာတော့ ရှက်တာကြောင့် ငိုမဲ့မဲ့ မျက်နှာနဲ့ တော်တော်ကို စိတ်ပျက်တဲ့ အချိန်ပေါ့… တော်သေးတာက အလုပ်မှာဖိနပ် အပို တစ်ရံ ရှိလို့ ပေါ့နော်……
“2009”ခုနှစ်၏ Valentine Day ကတော့ ကျွန်မအတွက် အပျော်ရွင်ရဆုံးနှင့် အဓိပ္ပါယ်ရှိဆုံးနှစ်တစ်နှစ်ပါ….. ကျွန်မ အချစ်ရဆုံးသူဆီမှ ချစ်သူကိုယ်တိုင် ချစ်သူလက်နှင့် ချစ်သူစိတ်တိုင်းကျ ၀ယ်ပေးလိုက်သော ဘာနှင့်မှ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခုကို ကျွန်မလက်ခံရရှိလို့ပါ။ ချစ်သူ ဘာပဲပေးပေး ကျွန်မအတွက် အမြဲ အဖိုးတန်ဆုံးသော အရာတွေပါ၊
*** တန်ဖိုးဆိုသောအရာသည်ကိုယ်ပိုင်သတ်မှတ်ချက်သတ်သတ်ပါ….***
ပြီးတော့ ဒီနှစ် Valentine Day မှာ ကျွန်မ အုန်းနို့ခေါက်ဆွဲနှင့် ကျွန်မချစ်သူကို ပြန်လည် ကျွေးမွေးမယ်နော်… မကောင်းလည်းစားရမှာပဲနော်….
ကျွန်မ ကောင်းအောင်တော့ ကြိုးစားချက်ထားပါတယ်… စားလို့ အဆင်ပြေမှာပါနော်…
ချစ်သူက ကျွန်မနှင့် ဝေးနေပေမဲ့လည်း ချစ်သူတစ်ပွဲ၊ ကျွန်မတစ်ပွဲ စားလိုက်မယ်နော်…
အားပါးပါး တော်တော်ကောင်းတာပဲနော်….. ဟိ…..
ကျွန်မ သူငယ်ချင်းကတော့ ကျွန်မကို အားနာလို့ ကောင်းပါတယ်လို့ ပြောတာပဲပေါ့….
လာလည်သွားပါတယ် .. နောက်လည်းလာမယ်နော် ..း)
ReplyDelete