Friday, December 26, 2008

“ရင်တွင်းစာသား”

ကျွန်ုပ်၏ “ကိုကို” ချစ်သော သူသည်
နှလုံးသား တစုံ အသဲနှလုံး တခုဖြင့်
ရှင်သန်အသက် ရပ်တည်နေသော
လူသားစင်စစ်
ဘုရားစူးရ မှန်ပါ၏ ။။။။


သို့ပါသော်ငြား ထိုလူသားမှန်
ချစ်သော “ကို” သည်
လွမ်းစိတ် ဆွေးစိတ် သတိရစိတ်
အသွယ်သွယ် ကို မျိုသိပ်ကာထား
Neglect တရား လက်ကိုင်ထား၍
Online မလာနေနိုင်ပါသော်။။။။။


အကျွန်မျိုးမ ဒီမိန်းမလည်း
တည်ဆောက်ခန္ဓာ ဖွဲ့စည်းပုံခြင်းတူပါသော်လည်း
ဖုန်းသာသွင်သွင် ဆက်ချင်နေလျက်
ချစ်သူအသံ အမြဲသာပင်ကြားချင်နေသဖြင့်
လူသားမဟုတ်တန်ရာပေဟု
အများသူငါ ထင်မှတ်မှားကုန်ရှိပေလိမ့်မည်။။။။။။။


သို့ပေသဖြင့် ချစ်သော“ကိုကို” မိတ္တူကူးထား
Give and Take လဲညီမျှရအောင်
ချိန်ခွင်လျှာလို ကျင့်ကာသုံးလို့
Neglect တရားလက်ကိုင်ထား၍
ဖုန်းမဆက်ပဲ နေပေတော့မည်။။။။။။။


One day you can see my name
Inside the list of the world riches people
I may be first one. It’s real!


သူငယ်ချင်းတစ်ယောက်၏ ရင်တွင်းခံစားချက်အတိုင်းကို ခွင့်ပြုချက်တောင်းပြီး ကျွန်မ၏ Blog ပေါ် တင်လိုက်ပါသည်။ ကျွန်မသူငယ်ချင်းကပြောပါတယ်၊ စာသား နည်းနည်း ပြင်ရေးပါလို့ ပြောပေမဲ့ ကျွန်မ မူရင်းတိုင်းပဲ ဖော်ပြချင်လို့ပါ။

ကျွန်မသူငယ်ချင်းကို ကျေးဇူးတင်ပါသည်။

No comments: