Thursday, October 9, 2008

လွမ်းနေမိသော မိုးကောင်းကင်

ထူးထူးခြားခြား ဒီနေ့ မှပဲ ကောင်းကင်ကြီးကို မော့ကြည့်မိတယ်..
မြန်မာပြည်က မိုးကောင်းကင်နှင့် စကာင်္ပူက မိုးကောင်းကင် ဘာများကွာခြားလဲတော့ မသိပါ..
ကျွန်မ မြန်မာပြည်က မိုးကောင်းကင်ကို ကြည်ရတာပိုပြီးနှစ်သက်မိသလိုပါပဲ..

ကျွန်မက မြို့မှာ ကြီးခဲ့ရသူဆိုတော့ ညအခါ လသာသာ ထဲမှာတော့ မဆော့ခဲ့ဖူးတာအမှန်ပါ..
ဒါပေမဲ့ ကျွန်မညအခါ မိုးကောင်ကင်ကို ကြည့်ရင်း ကြယ်တွေကို အသံထွက်ပြီး ရေတွက်ရတာကို ပျော်တယ်

ရန်ကုန်မှာ နေခဲ့စဉ်က ကောင်းကင်ကြီးကို မော့မော့ကြည့်ရတာ အရမ်းကြိုက်တယ်..
ဒါကြောင့် ပျော်ရွှင်လို့ပဲဖြစ်ဖြစ်၊ ၀မ်းနည်းလို့ပဲဖြစ်ဖြစ် မိုးကောင်းကင်ကို လေးလေးနက်နက် မော့ကြည့်တတ်တယ်.

ညကောင်းကင် မှာဆိုရင် ကြယ်တွေ၊ ကိုကြည့်ရတာအရမ်းသဘောကျတယ်၊ စိတ်ညစ်လို့ ကောင်ကင်ကို ကြည့်ပြီး ကြယ်တွေကို ရေတွက်နေလိုက်ရင် အလိုအလိုစိတ်ထဲ နေရတာ ပေါ့သွားသလို ခံစားရတယ်၊

ကြယ်တွေကို ရေတွက်ရတာ ပျော်စရာတစ်ခုပါ၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ် ကျွန်မကြယ်တွေကို ရေတွက်နေရချိန်ကို နှစ်သက်ပါသည်။

ဒါပေမဲ့လည်း ကျွန်မစကာင်္ပူ ကို ရောက်ပြီး ကြယ်တွေကို မကြည့်ဖြစ်၊ မရေတွက် ဖြစ်တာ ကြာပါပြီ..
ကျွန်မအလုပ်ကပြန်ရင်ဘာတွေအတွေးများပြီး အလုပ်ရှုပ်နေလည်းမသိပါ ကောင်းကင်ကို မော့မကြည့်ဖြစ်တာ အချိန်တွေတော်တော်ကြာသွားခဲ့ပါတယ်...

စကာင်္ပူမိုးကောင်းကင်ကကြယ်တွေပဲ နည်းနေလားတော့ မပြောတတ်ပါ... ကျွန်မမော့ကြည်လိုက်တိုင်း နည်းနေည်းလေးပဲ တွေ့ရတတ်တယ်... ကျွန်မ ကကြယ်တွေကို များများကြည့် ချင်နေမိလို့ ပဲလား မပြောတတ်တော့ပါ......

သြော် ဒီနေ့ ကောင်းကင်ကို မော့ကြည့် လိုက်တယ်ဆိုရင်ပဲ ကြယ်နည်းနည်းလေးပဲ တွေ့ရပေမဲ့လည်း စိတ်ထဲ အလိုလိုကြည်နူးသလိုပါပဲ ...

ဒီနေ့ ကြယ်တွေအပြင် လတခြမ်း လည်းတွေ့လိုက်ရတယ်... သြော် 14.10.2008 (အဂါင်္နေ့) ဆို သီတင်းကျွတ် လပြည့်နေ့ကိုရောက်တော့မှာပါလားပေါ့နော်...



No comments: