Monday, July 21, 2008

Oversea Love

ဘယ်နေရာ ကြည့်ကြည့်
ချစ် အလွမ်းတွေ ဝေလို့ပေါ့
အိပ်ရာပေါ်လှဲ မျက်နှာကျက်ကြည့်လည်း
ပေါ်လာတယ် ချစ်သူ မျက်နှာ..
ဝရန်တာထွက် အိမ်ရှေ့ကြည့်လည်း
တမ်းတလာတယ် ချစ်သူ့ပုံရိပ်..
coffee သောက်လည်း
လွမ်းလာမိတာ သူ့ကိုပဲပေါ့..

ချစ်သူအလွမ်း ငါ့အပူက
လေပြေညှင်းလည်း မအေးမြဘူး
ဆောင်းနှင်းတွေလည်း မအေးနိုင်ဘူး
စာတွေကျက်လည်း စိတ်မပါဘူး
အလုပ်ထဲလည်း စိတ်မရောက်ဘူး
အချိန်ရှိတိုင်း ငါ့ရဲ့စိတ်က မင်းဆီမှာ..

ကြင်နာ ဆိုစကား
အပြုံးများနဲ့ မင်းနှုတ်ခမ်းကို လွမ်းနေမိတယ်..
အရာရာကို နားလည်မှုနဲ့ ကြည့်တတ်ပေးတဲ့
မင်းမျက်လုံးကို အကြည့်ချင်း ဆုံချင်တယ်..

နံရံတွေထက် ချစ်သူပုံရိပ် ဓါတ်ပုံတွေလည်း
အခန်းထဲ ပြည့်ကျပ်နေပေမယ့်
အဝေးရောက် ချစ်သူရေ..
ငါ့မှာ လွမ်းနေရတုန်းပဲ...

”ချစ်သူ တယောက်ရဲ့ တာဝန်ဟာ သစ္စာရှိဖို့”
ဆိုတဲ့ မင်းရဲ့စကား...
မပြောင်းလဲတဲ့ ဆတိုးပွားအချစ်နဲ့
ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေတယ်...

ချစ်သူရင်ခွင်ကို လွမ်းတယ်..
ချိုမြိန်တဲ့ အနမ်းလက်ဆောင်တွေကို
လွမ်းဆွတ် တမ်းတတယ်...
အိပ်ရာဝင်ပုံပြင် နားမထောင်ရတဲ့ ရက်တွေ
အစားပြန်ပေးမယ့် အချိန်ကို ရောက်ချင်မိတယ်..

သတိရပေးပါ ချစ်သူ
အချိန်တိုင်း မဟုတ်ခဲ့ရင်တောင်
တိုက်ဆိုင်တဲ့ အခါပေါ့..

ငါအရမ်း ၀မ်းသာမိမှာပဲ
ငါ့ရဲ့အချစ်ကို အသိအမှတ်ပြုခဲ့ရင်...

ငါ့ရဲ့အလွမ်းကို အသိအမှတ်ပြုခဲ့ရင်တော့
အများကြီး မတောင်းဆိုပါဘူး
တခုပါပဲ..

ငါ့ကို ချစ်နေပေးပါ

မင်းကို ချစ်လွန်းလို့ လွမ်းတာကို
အပြစ်လို့ ဆိုလည်း
မင်းချစ်တတ်လာအောင် လွမ်းနေပါရစေ..

အမြန်ပြန်လာပါ ချစ်သူ..

No comments: