IN keyword ကို အသုံးပြုပြီး data တွေကို တခု သို့မဟုတ် တခုထက် ပိုပြီးရယူနိုင်သလို BETWEEN keyword ကို အသုံးပြုပြီးတော့လည်း data တွေကို range သတ်မှတ်ပြီး ရယူနိုင်ပါတယ်.. သဘောကတော့ ကိုယ်လိုချင်တဲ့ တန်ဖိုးကို ဘယ်လောက်ကနေ ဘယ်လောက်အတွင်းမှာ ရှိရမယ်ဆိုပြီး selecting range လုပ်လိုက်တာပါ..keyword အနေနဲ့ BETWEEN လို.ပဲဆိုပေမယ့် BETWEEN ရဲ့နောက်မှာ AND keyword အမြဲလိုက်တယ်ဆိုတာ တွေ.ရပါလိမ့်မယ်..
အခြေခံ ပုံစံကတော့..
SELECT “column_name”
FROM “table_name”
WHERE “column_name”
BETWEEN “value1” AND “value2”
ဒါဆိုရင် value1 နဲ့ value2 ကြားမှာ ရှိတဲ့ data တွေကို SELECT လုပ်မှာ ဖြစ်ပါတယ်..
Store_information
| Store_name | Sales | Date |
|---|---|---|
| Yangon | $1500 | Jan-07-2007 |
| Mandalay | $850 | Jan-05-2007 |
| Naypyitaw | $350 | Jan-10-2007 |
| Yangon | $400 | Jan-10-2007 |
| Bago | $550 | Jan-08-2007 |
ဥပမာအနေနဲ့ Store_information table ထဲက ရောင်းအားတန်ဖိုး $၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတဲ့ စတိုးဆိုင်တွေရဲ့ အချက်အလက်တွေကို ယူလိုက်ကြရအောင်…
ရေးရမယ့် ပုံစံက
SELECT *
FROM Store_information
WHERE Sales
BETWEEN $500 AND $1000
အောက်က table ကတော့ ကျွန်တော်တို့ လိုချင်တဲ့ စတိုးဆိုင်တွေရဲ့ အချက်အလက်တွေက ပြပါလိမ့်မယ်..
Store_information
| Store_name | Sales | Store_name |
| Mandalay | $850 | Jan-05-2007 |
| Bago | $550 | Jan-08-2007 |
နောက်ထပ် ဥပမာအနေနဲ့ ရက်စွဲ ၂၀၀၇ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နဲ့ ၁၀ ရက်ကြားမှာ ရှိတဲ့ စတိုးဆိုင်တွေရဲ့ data တွေကို စုံစမ်းကြည့်လိုက်ရအောင်…
SELECT *
FROM Store_information
WHERE Date
BETWEEN “Jan-o5-2007” AND “Jan-10-2007”
ရလဒ်ကတော့….
Store_information
| Store_name | Sales | Store_name |
| Yangon | $1500 | Jan-07-2007 |
| Bago | $550 | Jan-08-2007 |
No comments:
Post a Comment