Monday, June 16, 2008

သပြေသီးကောက်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။

ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။

မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဖူးကွယ်။

တို့လဲကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။

မောင်မဆော့ပါ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါမယ်
လိုက်မယ် လိုက်မယ်။

ဆရာမင်းသုဝဏ် *** ရေးသော ကလေးကဗျာ လေးပါ။

အခုချိန်ဆို ကျွန်မတို့၏ ၁၂ လ ရာသီထဲမှ ရေတွေကြီးသော လ ကိုရောက်နေချိန်ကို သတိရမိလို့ ပါ။

No comments: