စိတ်၏စွမ်းအား
ကျွန်မ နေ့လည်စာအတွက် ပြင်ဆင်ချက်ပြုတ်နေချိန်တွင်လည်း ဂရုစိုက်ရန် ပြောနေတတ်ပြန်တယ်
ကျွန်မရေချိုးရန်ပြင်ဆင်နေချိန်တွင်လည်း ရေမြန်မြန်ချိုးအောင် တိုက်တွန်းတတ်မြဲပါ
ကျွန်မ တခါတခါ မေ့မလို ဖြစ်ဖြစ်တတ်သော ဘုရားရှိခိုးရန်အတွက်လည်း မမေ့အောင် သတိပေးနေတတ်မြဲပါ
အလုပ်သွားရန် ပြင်ဆင်နေချိန်တွင်တော့ အလုပ်နောက်မကျအောင် မြန်မြန်လုပ်တတ်အောင် လေ့ကျင်ပေးတတ်ပြန်တယ်
ကျွန်မ MRT ကိုသွားသောလမ်းတစ်လျှောက်လည်း ကျွန်မဘေးတွင် ဂရုတစိုက် သွားရန် အမြဲပြောဆို မှာကြားတတ်မြဲပါ
ကျွန်မ MRT စီးနေချိန်တွင်လည်း တစ်ခါတစ်ခါ အိပ်ငိုက်နေမိပြီဆိုလျှင်လည်း အကြိုးရှိသော အရာတစ်ခုခု လုပ်နေတတ်အောင် တိုက်တွန်းတတ်မြဲပါ
ကျွန်မအလုပ်ထဲရောက်လို့ စိတ်ရှုပ်စရာ၊ အဆင်မပြေစရာ တွေ ရှိနေတတ်ပြန်ရင်လည်း ကျွန်မ၏စိတ်ထဲကို အင်းအားသစ်တွေ ပြန်ထည့်ပေးလိုက်သလို စွမ်းအင်သစ်တွေ ခွန်အားအဖြစ်နှင့် ၀င်လာတတ်မြဲပါ
ကျွန်မ အလုပ်များပြီး စိတ်ရှုပ်နေတတ်ချိန်တွင်လည်း ရယ်မောစရာများဖြင့် စိတ်ပျော်ရွင်လာအောင် လုပ်ပေးတတ်မြဲပါ
ကျွန်မအလုပ်ပြီးလို့ အိမ်ပြန်ချိန်တွင်လည်း ငြိမ်းချမ်းပြီးလုံခြုံစိတ်ချရသော ရင်ခွင်တစ်ခုကို ရောက်ရှိနေသလို ခံစားမှုမျိုးဖြင့် ဖြူစင်မှုအပြည့်အ၀ ရှိသောာ မေတ္တာပေးခြင်းမျိုးလည်း ရှိတတ်မြဲပါ
အိမ်ပြန်ရောက်လို့ပင်ပန်းနေပါစေ ကိုယ်တိုင်ချက်ပြုတ်စားချင်လာအောင် နှင့် ညစာကို များများ စားတတ်အောင် တစ်နေ့မှ မပျက်မကွက် မငြီးမညူ အမြဲပြောနေတတ်ပြန်တယ်
အိပ်ချိန်ရောက်လို့ မအိပ်ချင်သေးလျှင်လည်း မလွန်ဆန်နိုင်သောကျွန်မကို အိပ်ချင်အောင် အမြဲပြောတတ်ပါတယ်၊ ကျွန်မလည်း မလွန်ဆန်နိုင်သူပီပီ လုပ်ချင်သမျှတွေကို မေ့ပစ်ပြီး အိပ်လိုက်ရပါတယ်
***အဲဒီအရာအားလုံးသည် ကျွန်မ၏စိတ်ထဲတွင်အမြဲရှိနေသော ကျွန်မ၏ ချစ်သူကပြောသော ချစ်သူ၏စကားသံ၊ ချစ်သူအရိပ်၊ ချစ်သူ၏စိတ်စွမ်းအားများပါ။
ကျွန်မသည် အချစ်ကို ရူးမိုက်စွာ ကိုးကွယ်နေတတ်သူ တစ်ယောက်မဟုတ်ပါ။
ကျွန်မသည်ချစ်သူကို အရူးအမူး ချစ်နေတာမျိုးမဟုတ်ပါ။
ကျွန်မသည် ချစ်သူအပေါ် တခဏတာ သာယာမှုမျိုးမဟုတ်ပါ။
ကျွန်မသည်လည်း ချစ်သူကို တခဏတာ ချစ်ခြင်းတွေပေးတတ်သူ တစ်ယောက်မဟုတ်ပါ။
ကျွန်မသည် ချစ်သူအပေါ် ပေါ့ပျက်ပျက်နှင့် ချစ်တတ်သူတစ်ယောက်မဟုတ်ပါ
ကျွန်မသည် ချစ်သူကို စိတ်ပျက်အားငယ်မှုတွေသာ ပေးတတ်သူမျိုး မဖြစ်ချင်ပါ။
ကျွန်မသည် ချစ်သူကို စိတ်ရှုပ်စရာများစွာ ပေးတတ်သူမျိုး မဖြစ်ချင်ပါ။
ကျွန်မသည် ချစ်သူအပေါ် နားလည်မှုမပေးတတ်သော သူတစ်ယောက်မဖြစ်ချင်ပါ။
ကျွန်မသည် ချစ်သူအပေါ် ဆင်ခြင်တုံတရား မရှိပဲ အပြစ်မြင်တတ်သူမျိုးမဟုတ်ပါ။
ကျွန်မသည် ချစ်သူအပေါ် သံသယတွေဖြင့် ကြည့်တတ်သူတစ်ယောက် မဟုတ်ပါ။
ကျွန်မသည် ချစ်သူအပေါ် မယုံကြည်သော မျက်ဝန်းများနှင့်ကြည့်တတ်ပြီး စိတ်သဘောထား သေးသိမ်သောသူတစ်ယောက်မျိုး မဟုတ်ပါ။
ကျွန်မသည် ချစ်သူမျက်နှာ တစ်ချက်ပျက်သွားမှာကို လိုချင်သောသူတစ်ယောက် မဟုတ်ပါ။
ကျွန်မကို ချစ်သူက စိုးရိမ်နေရတာမျိုးကိုလည်း ပေးချင်နေသောသူမဟုတ်ပါ။
ကျွန်မသည် ချစ်သူကို မေတ္တာစစ်ဖြင့် ဖြုစင်အေးချမ်းသော၊ မေတ္တာမျိုးနှင့် ချစ်ပါသည်။
ကျွန်မသည် ချစ်သူကို ထာဝရ အေးချမ်းတည်ငြိမ်သော ချစ်ခြင်းတွေနဲ့ ချစ်နေမှာပါ။
ကျွန်မသည် ချစ်သူအပေါ် တစ်ဘ၀လုံး သာယာမှုတွေသာ ပေးချင်တဲ့သူပါ။
ကျွန်မသည် ချစ်သူကို တက်ကြွလန်းးဆန်းပြီး အင်းအားဖြစ်စေမည့် အရာတွေသာ ပေးချင်သူပါ။
ကျွန်မသည် ချစ်သူကို အမြဲ ပျော်ရွင်မှုတွေနဲ့ပြည့်နေသော အကြောင်းအရာများကိုသာ ပေးတတ်ချင်နေသူပါ။
ကျွန်မသည် ချစ်သူအပေါ် ဘယ်လိုသော အကြောင်းအရာမျိုးကိုမဆို နားလည်ပေးနိုင်သော သူပါ။
ကျွန်မသည် ချစ်သူကို ဘယ်တော့မှ အပြစ်မြင်လိမ့်မည်မဟုတ်ပါ။
ကျွန်မသည် ချစ်သူအပေါ် အကြွင်းမဲ့ယုံကြည်ပြီး သံသယမရှိသော ယုံကြည်မှုတွေနှင့် ပြည့်နေသော မျက်ဝန်းများဖြင့် မြင်နေသောသူတစ်ယောက်ပါ။
ကျွန်မသည် ချစ်သူမျက်နှာ ပြုံးရွှင်နေတာကိုပဲ မြင်ချင်နေသောသူတစ်ယောက်ပါ။
*** ဒီနေ့ ချစ်သူမွေးနေ့……… ဒီစကားများ ချစ်သူ့အတွက် မွေးနေ့လက်ဆောင် ***
*** ဒီနေ့ မှာပဲ (၁) နှစ်ပြည့်ခဲ့ပါတယ်***
No comments:
Post a Comment