Monday, March 31, 2008

အပိုင်း-၂

မမြင်မကြားလျှင်

အိမ်ထောင်ကျခါစ လူရွယ်သည် အိမ်ထောင်သက်ရင့်နေသော သူတစ်ဦးကိုမေးလိုက်သည်။
" မိန်းမနဲ့ယောက်ျားရဲ့ ဆက်ဆံရေးယာ ဘယ်အချိန်မှာ အကောင်းဆုံးလဲ "
ထိုပုဂွိုလ်က ပြန်ဖြေလိုက်သည်မှာ-
" ယောက်ျားလုပ်တာကိုမိန်းမ မမြင်တဲ့အချိန်နဲ့ မိန်းမပြောတာကို ယောက်ျားက မကြားတဲ့အချိန်ဟာ ဆက်ဆံရေး အကောင်းဆုံးအချိန်ပဲ "


အာဂယောက်ျား

အလုပ်မှ အငြိမ်စားယူပြီး ဇနီးမောင်နှံနှစ်ဦးသည် သူတို့ တစ်နေ့ နှစ်မိုင်လမ်းလျှောက်သင့်သည်ဟု ဆုံးဖြတ် ထားကြသည်။ သူတို့သည် တစ်သီးတစ်ခြား တည်ရှိနေသော တောလမ်းကလေးမှာ တစ်မိုင် လမ်းလျှောက်ရန် ရွေးချယ်လိုက်သည်။သို့မှသာ ထိုနေရာမှ ပြန်လှည့်လာရင် နှစ်မိုင်ရှိမည်။သည်လိုနှင့် သူတို့နှစ်ဦးသည် ပထမဆုံးခရီးကို တစ်မိုင်အထိ လမ်းလျှောက်ပြီးသည့်အခါ ယောက်ျားဖြစ်သူက သူ့မိန်းမကို မေးလိုက်သည်။
" မင်းပြန်လှည့်ပြီး လမ်းကောင်းကောင်း လျှောက်နိုင်သေးတယ်လို့ ထင်သလား၊ ဒါမှမဟုတ် သိပ်မောပြီလား "
" ဟင့်အင်း၊ မမောပါဘူး၊ ကျွန်မ လမ်းကောင်းကောင်း လျှောက်နိုင်ပါသေးတယ် "
ဤတွင် ယောက်ျား ဖြစ်သူပြောလိုက်သည်မှာ-
" ကောင်းပြီး၊ ငါကဒီမှာစောင့်နေမယ်၊ မင်း အိမ်ပြန်သွား ကားယူပြီး ငါ့ကိုလာခေါ် "


ခံနိုင်ရည်ရှိသူများ

လူတစ်ယောက်က လုပ်ငန်းရှင်တစ်ဦးအား မေးလိုက်သည်။
" ခင်ဗျာက ဘာဖြစ်လို့ လူပျို လူလွတ်တွေ မခန့်ဘဲ အိမ်ထောင်ရှင်တွေကို ဦးစားပေးခန့်ရတာလဲ "
ဤတွင် လုပ်ငန်းရှင်က ပြန်ပြောလိုက်သည်မှာ-
" ဘာကြောင့်လဲဆိုတော့...... အိမ်ထောင်သည်တွေက သူတို့ကို ကျွန်တော်ဟောက်ရင် စိတ်အနှောက်ယှက် ဖြစ်ပုံ မရဘူးဗျ "


မိန်းမသားများရဲ့ ဒုက္ခ

အမျိုးသမီးနှစ်ဦးသည် မိန်းမသားများ ခံစားရသော ဒုက္ခ အကြောင်းဆွေးနွေးနေကြသည်။
(ပ) အမျိုးသမီး ။ ။ ယောက်ျားတစ်ယောက်ကို ပြုံးပြရင် သူ့ကိုပြုံးပြနေတယ် မှတ်တယ်၊ ခပ်တည်တည် နေပြန် တော့လည်း ရေခဲတုံးမလို့ ဆိုပြန်တယ်။
(ဒု) အမျိုးသမီး ။ ။ ကိုယ်တို့ သူ့ကိုနမ်းခွင့်ပေးလိုက်ရင်လဲ ဒီလောက် အညှာလွယ် ရသလားလို့ ပြောပြန်တယ်။
(ပ) အမျိုးသမီး ။ ။ သူ့ကိုနမ်းခွင့်မပေးရင်ကော...
(ဒု) အမျိုးသမီး ။ ။ ကိုယ့်ကိုပစ်ပြီး တစ်ခြားဆီရောက်သွားတယ်လေ။ သူ့ကိုမြှောက်ပင့် ပြန်တော့လဲ ရိုးအတယ် လို့ ထင်ပြန်ရော။ မမြှောက်ပင့်ရင်လဲ သူ့ကို နားလည်မှု မရှိဘူးလို့ ထင်နေတယ်။


ကုသနည်း

ယောက်ျား ။ ။ မိန်မရေ ကိုယ်အိပ်ရာကထပြီး အမြဲတမ်း တစ်နာရီကြာလောက် ခေါင်းမူးနေတတ်တယ်။
မိန်းမ ။ ။ ဒါဆို တစ်နာရီနောက်ကျ ထလိုက်ပေါ့။

No comments: