Tuesday, February 12, 2008

စိတ်ရှုပ်နေလို့နော်.....


" Blog " မရေးတာတော်တော်တောင်ကြာသွားပါပြီရော...

အခုတလော စိတ်တွေ လေလွင့်နေပါသည်

မကောင်းသောဘက်သို့စိတ်တွေ ယိုင်နေ ပါသည်။

တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ မနည်းကို လိုက်ဖမ်းနေရပါတယ်..

စိတ်ကိုတည်ငြိမ်အောင် တရားထိုင်လို့တော့ သီချင်းထဲမှာဆိုတာပဲလေ...

တကယ်တမ်း တရားထိုင်လည်းမရပါ...

ကိုယ်စိတ်ကို ဘာကြောင့်ဖြစ်တာလဲဆိုပြီး အဖြေရှာနေမိတယ်...

ဘာတစ်ခုမှကို အလိုမကျပါလားနော်.....

ဒါပေမဲ့ နောက်ဆုံးမှာ စိတ်ငြိမ်အောင် အမျိုးမျိုးကြိုးစား လုပ်ဆောင်ရမှာပါပဲလေ...

လူတစ်ယောက်ပဲ " မလုပ်နိုင်တာ ဘာမှ မရှိနိုင်သလို... နောက်ကျတယ်ဆိုတာလည်း မရှိပါ "

ထို့အတွက် ပုံမှန်အနေအထားတိုင်း ပြန်ဖြစ်လာအောင် အခု repair လုပ်နေပါတယ်.....

not prepare ....... repair လုပ်နေတာနော်

တချို့ပစ္စည်းတွေက original install လုပ်ကတည်းက quality မကောင်းလို့ဘယ်လိုပဲ repair လုပ်လုပ် original အတိုင်းပြန်မကောင်းတတ်ပါ......

ကျွန်မ၏စိတ်သည် origianl quality ကောင်းပြီးသားလို့ ယူဆရပါသည်...

တခဏပဲ repair လုပ်ပြီးရင် original အတိုင်းပြန်ကောင်းလာပါလိမ့်မည်......

စိတ်ကတစ်မျိုးပဲနော်...... ပေါက်ကရလေးတွေနှင့် ရောက်တတ်ရာရာ ရှောက်ရေးနေမိတာပါ....ပုံမှန်အတိုင်းပြန်ဖြစ်လာပါတော့မယ်.......


Valentine's Day ရောက်တော့မယ်နော်......

အမှန်တကယ်ချစ်သောသူတိုင်း ကံကောင်းနိုင်ကြပါစေ.....

No comments: